0 Shares 50 Views

နေရောင်ခြည်စွမ်းအင်သုံးဒရုန်းတွေကနေ 5G အင်တာနက် လွှင့်သွားဖို့ကြိုးပမ်းနေတဲ့ Google

Feb 01, 2016
0 50

အမေရိကန်နည်းပညာကုမ္ပဏီကြီး Google ဟာ နေရောင်ခြည်စွမ်းအင်သုံးဒရုန်းလေယာဉ်တွေကနေ 5G အင်တာနက်လွှင့်သွားမယ့် Project Skybender အမည်ရ၊ ထိပ်တန်းလှို့ဝှက်ပရောဂျက်တစ်ခုကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

Mountain View အခြေစိုက်၊ နည်းပညာကုမ္ပဏီကြီး Google ဟာ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်က Spaceport America အာကာသအခြေစိုက်စခန်းမှာ 30Ghz ကနေ 300 Ghz အကြားရှိတဲ့ မီလီမီတာလှိုင်းအခြေခံ 5G အင်တာနက်စနစ်ကို စမ်းသပ်လျက်ရှိကြောင်း ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ကြိမ်နှုန်းအလွန်မြင့်မားတဲ့ မီလီမီတာလှိုင်းနည်းနဲ့ဒေတာပေးပို့ခြင်း (Millimeter Wave Wireless Communication) ဟာ လက်ရှိ 4G LTE ထက် အဆ ၄၀ ပိုမြန်ပြီး၊ 5G အင်တာနက်ကို ဖော်ဆောင်ပေးမယ့် နည်းပညာတစ်ခုဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်အများအပြားက ခန့်မှန်းထားကြပါတယ်။

Google ရဲ့ ပရောဂျက် Skybender ကို လက်ရှိမှာ ‘Optionally Piloted Aircraft (OPA)’ မောင်းသူပါ၊မပါမောင်းနှင်နိုင်တဲ့ Centaur အမည်ရလေယာဉ်၊ Titan Aerospace ကုမ္ပဏီကထုတ်လုပ်ပေးတဲ့ Solara50 နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်တို့ အသုံးချကာ စမ်းသပ်လျက်ရှိပါတယ်။

ဒရုန်းဖြင့်အင်တာနက်လွှင့်တဲ့စနစ်ကို နယူးမက္ကဆီကိုပြည်နယ်မှာ ဆက်လက်စမ်းသပ်ဖို့အတွက် အမေရိကန်အစိုးရကလည်း ခွင့်ပြုပေးထားပြီး၊ Google အနေနဲ့ ပရောဂျက်တိုးတက်မှုအဆင့်ဆင့်တို့ကို ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Ref: Engadget

 

 

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Most from this category