3 Shares 146 Views

LG က ထိတွေ့မျက်နှာပြင်ပါတဲ့ ရေခဲသေတ္တာကို မိတ်ဆက်

Jan 06, 2017
3 146

LG က CES မှာ စမတ်ရေခဲသေတ္တာကို မိတ်ဆက်လိုက်ပါတယ်။ webOS ထည့်သွင်းထားပြီး ထိတွေ့မျက်နှာပြင် ပါရှိပါတယ်။ Amazon ရဲ့ Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လည်း ပါတဲ့အတွက် အွန်လိုင်းမှာ ဈေးဝယ်ခြင်း၊ အင်တာနက်မှာ ဟင်းချက်နည်းများ ရှာခြင်း အပါအ၀င် အလုပ်အားလုံးကို အသံအမိန့်ဖြင့် ခိုင်းစေနိုင်ပါတယ်။

စမတ်ရေခဲသေတ္တာမှာ ၂၉ လက်မ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး ရေခဲသေတ္တာရဲ့ သတင်းအချက်အလက်အားလုံးကို ပြသပေးတဲ့ Instaview စွမ်းဆောင်ချက် ပါရှိပါတယ်။ ရေခဲသေတ္တာမှာ စပီကာလည်း တပ်ဆင်ထားတဲ့အတွက် အွန်လိုင်းမှ သီချင်းများ၊ ဗီဒီယိုများကိုတောင် ကြည့်ရှုနားဆင်နိုင်ပါတယ်။

စမတ်ဖုန်းမှာ အသုံးပြုလို့ရတဲ့ Apps များကိုတောင် ရေခဲသေတ္တာမှာ အသုံးပြုနိုင်ပါတယ်။ မှတ်စုများ မှတ်သားခြင်း၊ ဈေးဝယ်စာရင်းများ ပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ Fresh Tracker စွမ်းဆောင်ချက်က အစားအစာများရဲ့ သက်တမ်းကုန်ဆုံးမယ့် နေ့ရက်များကို စဉ်ဆက်မပြတ် တွက်ချက်ပေးနိုင်တဲ့အတွက် ပုပ်သိုးမှု ၊ လွင့်စင်မှု မရှိတော့ပါဘူး။ ထိတွေ့မျက်နှာပြင်ကနေ အလုပ်များ လုပ်နိုင်သလို Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ပါးစပ်နဲ့ ပြောလိုက်ရုံနဲ့လည်း အဆင်ပြေပါတယ်။

LG က webOS ကို ယခင်က တီဗီများမှာ ထည့်သွင်းပေးခဲ့ပေမယ့် ရေခဲသေတ္တာမှာ ထည့်သွင်းခြင်းဟာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ယခင်နှစ်ကလည်း Windows 10 ထည့်သွင်းထားတဲ့ ရေခဲသေတ္တာကို LG က မိတ်ဆက်ခဲ့ပါတယ်။ ယခု ရေခဲသေတ္တာရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ref : the verge

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Most from this category