CES 2017 ရဲ့ Innovations Award ရတဲ့ ထုတ်ကုန်များ

CES 2017 နည်းပညာပြပွဲဟာ အခုမှ စတယ်ဆိုပေမယ့် အဲဒီမှာ ပြသမယ့် ထုတ်ကုန်များရဲ့ သတင်းအချက်အလက်များကိုတော့ သိပြီးကြပါပြီ။ Consumer Technology Association က ကဏ္ဍအလိုက် တီထွင်ဖန်တီးမှု အကောင်းဆုံး ထုတ်ကုန် ၃၅ ခုကို ရွေးချယ်လိုက်ပါတယ်။

Augmented Reality Smartphone

Lenovo ရဲ့ Phab Pro 2 စမတ်ဖုန်း အသစ်မှာ Google Tango Augmented Reality နည်းပညာ ပါလာပါတယ်။ ဒေါ်လာ ၄၉၉ တန်ကြေးရှိပြီး ဖုန်းကနေ ကြည့်ရင် လက်တွေ့ကမ္ဘာမှာ အတုအယောင် အရာဝတ္ထုများကို မြင်ရမယ်လို့ Lenovo က ပြောပါတယ်။ ဥပမာအားဖြင့် အိမ်အတွက် ဆိုဖါတစ်ခုကို ၀ယ်ဖို့ ဆိုင်မှာ ကြည့်နေတဲ့ အခါမှာ နေအိမ်မှာ အဲဒီ ဆိုဖါကို နေရာချထားတဲ့ မြင်ကွင်းကို မြင်ရမှာပါ။

စမတ်ခွေးလည်ပတ်

Link ရဲ့ AKC စမတ်ခွေးလည်ပတ်က ခွေးပျောက်သွားရင် ခွေးရဲ့ တည်နေရာကို ပြသပေးမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၄၉ တန်ကြေးရှိပါတယ်။ ဒီလို လည်ပတ်မျိုးတွေဟာ သိပ်တော့ နည်းပညာ မမြင့်တဲ့အတွက် ဘာ့ကြောင့် ရွေးချယ်ရသလဲဆိုတာ စဉ်းစားရခက်ပါတယ်။

မျက်စိ စမ်းသပ်တဲ့ ကိရိယာ

Smartphone App နဲ့ တွဲဖက်သုံးရတဲ့ EyeQue ဟာ နေအိမ်မှာတင် မျက်စိစမ်းသပ်နိုင်လို့ မျက်စိဆေးခန်းသွားဖို့ မလိုတော့ပါဘူး။ ဒေါ်လာ ၂၉.၉၉ တန်ကြေးရှိပြီး လက်ရှိမှာ ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

Aipoly Vision

မျက်မမြင်များနဲ့ အမြင်အာရုံ မကောင်းသူများ သွားလာရာမှာ အကူအညီပေးနိုင်တဲ့ ဥာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။ ဖုန်းဟာ ပတ်ဝန်းကျင်မှ အရာများကို မှတ်မိစေတဲ့ နည်းပညာကို သုံးထားပါတယ်။

Cota Tile

မီးပလက်ပေါက်များ မလိုဘဲ နေအိမ်ထဲမှာ စွမ်းအင် ထုတ်လွှတ်ပေးတဲ့ မျက်နှာကျက်ဖြစ်ပါတယ်။

Cubit

Layout ချတဲ့ ကိရိယာဖြစ်ပါတယ်။

Goodix Live Fingerprint Scanner

သင့် လက်ချောင်းကနေ နှလုံးခုန်နှုန်း တိုင်းတာတဲ့ နည်းပညာ ဖြစ်ပါတယ်။

HP Spectre

HP ရဲ့ အလွန် ပါးလွှာတဲ့ Notebook ဖြစ်ပါတယ်။

Integrated Connectivity Cluster

မော်တော်ဆိုင်ကယ်များအတွက် ဆက်သွယ်မှုနဲ့ သတင်းအချက်အလက် အားလုံး ပံ့ပိုးပေးတဲ့ နည်းပညာပါ။

K’Track G

သွေးဖောက်စရာမလိုဘဲ သွေးတွင်း ဂလူးကို့စ်ပါဝင်မှုကို စဉ်ဆက်မပြတ်တိုင်းတာပေးတဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဖြစ်ပါတယ်။

Lenovo Yoga Book

Lenovo ရဲ့ လက်တော့၊ တက်ဘလက် ၂ မျိုးသုံး တက်ဘလက် ဖြစ်ပါတယ်။

Levitating Speaker

လေပေါ်ဝဲ စပီကာ ဖြစ်ပါတယ်။

Motiv Ring

နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ ကိရိယာဖြစ်ပါတယ်။

Moto Mods

Motorola Moto Z စမတ်ဖုန်းကို ပရိုဂျက်တာ အဖြစ် ပြောင်းပေးတဲ့ ကိရိယာပါ။

Nemonic

Design ဖန်တီးတဲ့ ကိရိယာ ဖြစ်ပါတယ်။

Nighthawk X10 R9000 Smart WiFi Router

Gamer များအတွက် မြန်နှုန်းမြင့် အင်တာနက် ပံ့ပိုးပေးပါတယ်။

Obsidian 3D Panoramic Camera

Virtual Reality ရဲ့ ခြေလှမ်းအသစ်တစ်ခု ဖြစ်ပါတယ်။

OSSIC X

၃ ဖက်ကြား အသံစနစ်ပါတဲ့ Headphone လို့ ညွှန်းဆိုကြပါတယ်။

Paradigm Persona 9H

နည်းပညာမြင့် Audio Speaker များဖြစ်ပါတယ်။

Powerup FPV

စက္ကူနဲ့ ပြုလုပ်ထားတဲ့ Drone ဖြစ်ပြီး Live Video များကို ရိုက်ကူးထုတ်လွှင့်နိုင်ပါတယ်။

Predator Z301CT Monitor

Acer ရဲ့ မျက်နှာပြင်ကွေး မော်နီတာ ဖြစ်ပါတယ်။

ReSound ENZO2

iPhone App နဲ့ တွဲဖက် သုံးရတဲ့ စမတ် အကြား အကူ ကိရိယာ ဖြစ်ပါတယ်။

Robo R2 Smart 3D Printer

3D Printing နည်းပညာဖြင့် အရာဝတ္ထုများ ထုတ်လုပ်တဲ့ စက်ဖြစ်ပါတယ်။

S3 LIDAR Sensor

စက်ရုပ်ကားများအတွက် Sensor ဖြစ်ပါတယ်။

Samsung Frame

Samsung TV ကို အနုပညာလက်ရာမြောက်ပစ္စည်းဖြစ်အောင် ဖန်တီးပေးတဲ့ ကိရိယာလို့ ညွှန်းဆိုပါတယ်။

Sleep Number 360 Smart Bed

အိပ်ယာမှာ Machine Learning Software ထည့်သွင်းထားပြီး သင့်ရဲ့ အိပ်စက်မှု ပုံစံကို လေ့လာမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ညတစ်ညလုံးအတွက် သင်နဲ့ အဆင်ပြေမယ့် ပုံစံများကို ပြောင်းပေးမှာပါ။

Smart Remote by Sevenhugs

စမတ်နေအိမ်များအတွက် ထိန်းချုပ်စနစ်ပါ။

SVS SB16-Ultra Subwoofer

၁၆ လက် အရွယ် စပီကာကြီး ဖြစ်ပါတယ်။

The Z Gaming Mouse

Tilt Pivot , Roll နဲ့ Analogue Buttons များပါတဲ့ ဂိမ်းကစားတဲ့ လက်ကိုင်ပါ။

Tilt Brush

HTC Vive VR Headset အတွက် Google ဖန်တီးထားတဲ့ အပင်စိုက်တဲ့ ဂိမ်းဖြစ်ပါတယ်။

Tobii Dynavox PCEye Mini

ကွန်ပြူတာများကို မျက်လုံးကနေ ထိန်းချုပ်နိုင်တဲ့ Eye Tracker ပါ။

uBolt

ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ Identity အတွက် ဖြစ်ပါတယ်။

XGIMI Z4 Aurora Screenless TV

တီဗီပုံရိပ်များကို နံရံများမှာ ပြသပေးနိုင်တဲ့ ပရိုဂျက်တာ ဖြစ်ပါတယ်။

Xooloo Digital Coach

မိဘများက ကလေးငယ်များရဲ့ ဒစ်ဂျစ်တယ် လူနေမှု ဘ၀ကို ထိန်းချုပ်နိုင်တဲ့ ဆော့ဝဲ ဖြစ်ပါတယ်။

Zera Food Recycler

စွန့်ပစ် အစားအစာများကို မြေသြဇာအဖြစ် ပြောင်းလဲပေးတဲ့ ကိရိယာပါ။

ref : usa today

Comments

comments

Top