0 Shares 246 Views

ဆမ်ဆောင်း ရှဲ့QLED TV လာတော့မယ်

Jan 05, 2017
0 246

CES 2017 မှာ ထုတ်ဖော်ပြသမယ်လို့ ကတိပေးခဲ့ပြီးနောက်မှာ နောက်ဆုံးပေါ် နည်းပညာ ဖြစ်တဲ့ QLED TV တွေကိုသာ အစားထိုး ထုတ်လုပ်သွားတော့မယ် လို့ ဆမ်ဆောင်းကုမ္ပဏီ က ၀င့်ဝင့်ကြွားကြွားလေး ပြောဆိုခဲ့ပါတယ်။
.
Organic Light Emitting Diode ကို အတိုကောက်ခေါ်ဆိုထားတဲ့ OLED ဟာ မိုဘိုင်း နဲ့ မော်နီတာများအတွက် နည်းပညာသစ်တစ်ခုဖြစ်ပါတယ်။ OLED နည်းပညာ ကာဗွန် အခြေခံ Organic အလွှာနဲ့ anode နဲ့ cathode ကြားမှာ ထည့်သွင်းထားပါတယ်။ OLED တွေဟာ ထူးခြားတဲ့အရောင်ထုတ်လွှတ်ခြင်း တုံ့ပြန်မှု မြန် ဆန်ခြင်း မြင်ကွင်း ကျယ်ကြည့်ရှုနိုင်ခြင်း အလင်းတောက် ပခြင်းနှင့် ပေါ့ပါးတဲ့ဒီဇိုင်းတို့ကြောင့် LCD တွေနဲ့ နှိုင်း ယှဉ်တဲ့ အခါမှာ အလွန်သာလွန်ပါတယ်။
.
အခု ဆမ်ဆောင်းက ထုတ်ဖော်လိုက်တဲ့ နည်းညာ အသစ် ကတော့ QLED လို့ ခေါ်ပါတယ်။ နာနိုအရွယ် အလင်းစက်ကလေးတွေအပေါ် အခြေခံထားတဲ့အတွက် နည်းပညာဟာ ပိုပြီး လည်း အသေးစိတ်လာပါတယ်။ လူရဲ့ အရေပြားအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရေပြားတစ်ခုချင်းစီမှာ သေးငယ်တဲ့မွှေးညှင်းပေါက်ကလေးတွေများစွာပါရှိပတါယ်။ အဲဒီလိုပဲ အက်တမ်တစ်ခုမှာလည်း မော်လီကျူးး များစွာပါရှိပြီး အဲဒီလိုသေးငယ်လွန်းလှတဲ့ မော်လီကျူးးတွေကို အသေးဆုံးအဆင့်အထိ ခွဲထုတ်လိုက်သလိုမျိုး ပိုပြီးလည်း အနုစိတ်သွားတဲ့ အဲဒီ ကွမ်တမ်အလင်းစက်ကလေးတွေ ကို ပေါင်းစုစည်းလိုက်တဲ့အခါမှာတော့ မြင်ရတဲ့ ရုပ်ဝတ္ထုဟာ ပိုပြီး ရုပ်လုံးကြွ ခံစားလာစေရမှာဖြစ်ပါတယ်။ Dimisions အရ ကြည့်မယ်ဆိုရင် မူလ LCD ဟာ 1D ချပ်ပြား အဆင့်ဖြစ်ပြီး OLED ဟာ 2D အဆင့်နဲ့ အခု QLED ကတော့ 3D အဆင့်အထိ ရုပ်ထွက်နှုန်း ကြွယ်ဝလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ရုပ်ပုံတစ်ခုချင်းစီဟာ တိကျမှု နဲ့ အတူတူ အရောင်အသွေး စိုရွှန်းလဲ့မှုတွေကိုပါ ခံစားရရှိလာပါမယ်။ ရုပ်ထွက်နှုန်းကိုလည်း အဲဒီမျက်နှာပြင် ၃ ခု ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ဘယ်လောက်အထိ ကွဲပြားသွားသလဲဆိုတာကို မြင်တွေ့သိရှိနိုင်မှာဖြစ်ပါတယ်။
.
ဆမ်ဆောင်းရဲ့ QLED TV တွေဟာ ၁၉၅၀ ခုနှစ် ၀န်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ရုပ်မြင်သံကြား တွေကို အဆင့်ပေါင်းများစွာ မြှင့်စေနိုင်သွားသလို နည်းပညာအပြောင်းအလဲအတွက် အောင်မြင်ခဲ့တဲ့ နည်းပညာတော်လှန်ရေး တစ်ခုလည်း
ဖြစ်လာနိုင်ဖွယ်ရှိနေပြီး ယခုနှစ် CES 2017 မှာ အကောင်းဆုံးတီထွင်မှု နည်းပညာ ဆု ကို ရရှိဖို့ သေချာသလောက် ဖြစ်နေပါတယ်။
(QLED TV အရသာ ကို မြည်းစမ်းနိုင်ဖို့ ဗွီဒီယို ဖိုင်ပါ ဖော်ပြပေးလိုက်ပါတယ် …)
.

 

Ref : New Google

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category