0 Shares 11 Views

Galaxy S7 ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ Samsung စတင်မိတ်ဆက်မည်

Feb 01, 2016
0 11

Samsung ဟာ နောက်မျိုးဆက်သစ် Galaxy S7 ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ဘာစီလိုနာမြို့မှာကျင်းပမယ့် ‘Samsung Unpacked Event’ ပွဲမှာ စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Samsung အနေနဲ့ ယခုပွဲအတွက် ဖိတ်စာတွေကို ဖြန့်ဝေခဲ့ပြီးဖြစ်သလို၊ Samsung Mobile တရားဝင် facebook စာမျက်နှာနဲ့ Youtube ချန်နယ်တို့မှာလည်း Samsung ရဲ့ VR ဗီဒီယိုတစ်ခုနဲ့ #TheNextGalaxy လို့ ဖော်ပြပြီး Galaxy S7 ထွက်ရှိမယ့်သတင်းကို အတည်ပြုခဲ့ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Galaxy S7 ဟာ S6 နဲ့ ပုံစံသိပ်မကွာခြားဘဲ၊ ပရိုဆက်ဆာမတူတဲ့ မော်ဒယ်နှစ်မျိုးနဲ့ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမမော်ဒယ်တစ်မျိုးဟာ Qualcomm Snapdragon 820 ပရိုဆက်ဆာနဲ့ ဖြစ်ပြီး၊ နောက်မော်ဒယ်ကတော့ Samsung က ထုတ်လုပ်ထားတဲ့ Exynos ပရိုဆက်ဆာနဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ iPhone 6 လို ဖိအားသုံးဖန်သားပြင်ပါဝင်လာဖွယ်လည်းရှိတယ်လို့ ကောဟဟာလထွက်ပေါ်လျက်ရှိပြီး၊ Galaxy S6 ထက် ပိုဈေးနည်းမယ်လို့လည်း သိရှိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်မယ့် Samsung Unpacked Event ကို Samsung Mobile Youtube ချန်နယ်ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

Ref: Cnet

 

 

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares17 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category