0 Shares 203 Views

HTC One X10 ၏ specs နှင့် ပုံရိပ်များ ပေါက်ကြား

Jan 05, 2017
0 203

ဒီလအကုန်မှာ ထွက်ရှိမယ်လို့ သတင်းထွက်ပေါ်နေတဲ့ HTC ရဲ့ စမတ်ဖုန်းအသစ်ကတော့ HTC One X10 ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်က ထွက်ရှိခဲ့တဲ့ HTC One X9 ရဲ့ successor လည်းဖြစ်လာမှာပါ။

One X10 ဟာ One X9 ကို ဆက်ခံတယ်ဆိုပေမယ့် camera အရည်အသွေးမှာတော့ One X9 ထက် အတော်လေးကို သာလွန်ကောင်းမွန်ပါတယ်။ အဓိက ပြောင်းလဲတိုးတက်လာမှုကတော့ 16.3MP အနောက် ကင်မရာနဲ့ 7.9MP အရှေ့ကင်မရာ ကင်မရာတွေအသုံးပြုထားခြင်းပါပဲ။

ပေါက်ကြားလာတဲ့ အချက်တွေအရ Full HD (1920 x 1080p) ကိုအပြည့်အဝထောက်ပံ့တဲ့ 5.5-inch display ကိုသုံးထားပြီး 3GB RAM နဲ့ 32GB storage ပါဝင်လာမယ်လို့သိရပါတယ်။

Processor အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ခဲ့တဲ့ Desire 10 Pro မှာ အသုံးပြုခဲ့တဲ့ 1.9GHz Mediatek octa-core MT6755V/C ကိုပဲသုံးထားတာကတော့ ဝေဖန်စရာအချက်တစ်ခုဖြစ်လာပါတယ်။ One X9 မှာတောင် 2.2GHz octa-core SoC(system-on-chip) ကိုသုံးထားတဲ့အတွက် One X9 လောက်တောင် powerful မဖြစ်ပါဘူး။

HTC အနေနဲ့ (၂၀၁၇) ပထမ (၄)လပတ် အတွင်းမှာ စမတ်ဖုန်း (၃) လုံးကို မိတ်ဆက်ပေးဖို့ ရည်မှန်းထားပြီး အဲံဒီ (၃) လုံးထဲမှာတော့ One 10X က အနိမ့်ဆုံးဖုန်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: GSMArena

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1111 shares128 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category