0 Shares 667 Views

စမတ်နာရီ တိုက်ပွဲထဲကို ၀င်ရောက်လာပြီဖြစ်တဲ့ ကက်စီယို ရဲ့ Pro Trek

Jan 05, 2017
0 667

မြန်မာနိုင်ငံအပါအ၀င် အာရှအရှေ့ဖျားမှာ သုံးစွဲသူ နဲ့ ကြိုက်နှစ်သက်တဲ့သူ အခိုင်အမာ ရရှိထားတဲ့ နာမည်ကျော် ကက်စီယိုနာရီ ဟာ အခု အချိန်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်နာရီတိုက်ပွဲထဲကို အကောင်းဆုံး နမည်းပညာတွေ သုံးစွဲပြီး ၀င်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
.
နာရီဆိုရင် ကတ်စီယိုဆိုပြီး မသိသူမရှိလောက်အောင် နာမည်ကျော်ခဲ့တဲ့ Casio ဟာ သူရဲ့ စမတ်နာရီ အမျိုးအစားအသစ်ဖြစ်တဲ့ Code အမည် WSD-F20 ကို CES 2017 မှာ ပြသပြီး ကမ္ဘာပေါ်မှာ လူကြိုက်များနေတဲ့ Wearable Technology ဈေးကွက်ကို ထိုးဖောက်လာခဲ့ပါပြီ။ အသစ်ထုတ်လိုက်တဲ့ WSD-F20 ဟာ Android Wear 2.0 သုံးစွဲထားပြီး ကတ်စီယို ရဲ့ နဂိုမူလ ကျော်ကြားခဲ့တဲ့ ဒီဇိုင်း ကိုပဲ ပြန်လည် အခြေခံထားခဲ့တဲ့အတွက် စမတ်နာရီ ထုတ်လုပ်နေပေမယ့် ဒီဇိုင်းပိုင်းတော်တော်ညံ့နေသေးတဲ့ ကုမ္ပဏီကြီးတွေအတွက်တော့ မျက်ခုံးလှုပ်ချင်စရာတွေ ဖြစ်ခဲ့ရပါပြီ။

casio2
.
လိမ္မော်ရောင် အသွေးအမွေး နဲ့ မြင်သူလိုချင်စရာ ဖြစ်တဲ့ ဒီမော်ဒယ် မှာ GPS ချိတ်ဆက်ထားပြီး မြေပုံကို အရောင်တွေနဲ့
ပြသတာမျိုးတွေအပြင် Download ချပြီး တည်နေရာတွေကို ရယူနိုင်တာမျိုးတွေ အထိ ပါရှိပါတယ်။ WSD-F20 ဟာ ပြီးခဲ့တဲ့ နှစ်က ထုတ်လုပ်ခဲ့တဲ့ WSD-F10 လိုမျိုးပဲ ထူးခြားမှု မရှိဘူး လို့ ပညာရှင်အချို့က ဝေဖန်ခဲ့ကြပေမယ့် ခရီးထွက်တာ၊ ငါးမျှားတာ၊
တာင်တက်တာ၊ စက်ဘီစီးတာတွေအပြင် အပြေးလေ့ကျင့်ခန်းတွေအတွက်ပါ အကောင်ဆုံး အကူအညီ ရရှိနိုင်စေမယ့် ကျန်းမာရေး အထောက်အကူပြု စမတ်နာရီဖြစ်တယ် ဆိုတာကို အားလုံးက ကျေကျေနပ်နပ် လက်ခံထားကြပါတယ်။

Ref : engadget

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category