0 Shares 36 Views

ဒေတာစင်တာတွေကိုပင်လယ်ရေအောက်မှာထားမယ့် Microsoft

အနာဂါတ်မှာ Microsoft ဟာ သူတို့ရဲ့ ဒေတာစင်တာတွေကို ပင်လယ်ရေအောက်မှာထားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ Microsoft က သူတို့ရဲ့ အကုန်အကျအများဆုံးစရိတ်ဖြစ်တဲ့ လေအေးပေးစနစ်တွေရဲ့ ကုန်ကျမှုကို လျှော့ချပစ်ဖို့အတွက် တစ်ကိုယ်ရည်အချက်အလက်ဒေတာများကို လက်ဦးပုံစံ အနေနဲ့ သမုဒ္ဒရာရေအောက် ပေရာပေါင်းများစွာမှာ သိမ်းဆည်းဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။

ယနေ့ ဒေတာစင်တာတွေဟာ ဗီဒီယိုတွေ၊ လူမှုကွန်ယက်တွေ၊ အီးမေးလ်တွေ၊ ကွန်ပျူတာဆာဗာထောင်ပေါင်းများစွာ တို့ဟာ များစွာသော လျှပ်စစ်အားသုံးစွဲမှုတွေနဲ့ အတူ အပူပမာဏအများအပြားထုတ်လုပ် နေတာဖြစ်ပါတယ်။ ဒါကြောင့်လုံလောက်တဲ့ အအေးပမာဏမရရင် ဆာဗာတွေပျက်စီးသွားနိုင်တာဖြစ်ပါတယ်။

သမုဒ္ဒရာအောက်က ရေရဲ့ အပူချိန်ဟာ ဆာဗာတွေကိုထားဖို့အဆင်ပြေတာကြောင့် တကယ်လို့ ဆာဗာတွေကို သမုဒ္ဒရာကြမ်းပြင်မှာ ထားနိုင်ရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ခဲ့ရင် Microsoft အနေနဲ့ သူတို့ရဲ့ ကွန်ပျူတာစနစ်အတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Project Natick လို့ အမည်ဝှက်ပေးထားပြီး၊ ရေအောက်ကနေ ကြီးမားတဲ့ သံမဏိပိုက်လိုင်းကြီးတွေနဲ့ ဖိုက်ဘာကေဘယ်လ်တွေကို ဆက်သွယ်မှာဖြစ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေ တစ်ရပ်အနေနဲ့ အဆိုပါ ဒေတာစင်တာတွေကိုလည်ပတ်ဖို့ လျှပ်စစ်စွမ်းအင်ကို သမုဒ္ဒရာရေစီးတွေကတစ်ဆင့် တာဘိုင်တွေကတစ်ဆင့်ရယူလည်ပတ်နိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ရေအောက် ဆာဗာကွန်တိန်နာ အစီအစဉ်ဟာ ဝက်ဘ်ဆိုက်ဝန်ဆောင်မှုတွေကို ပိုမိုမြန်ဆန်အောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေထူထပ်များပြားလာတာနဲ့ အညီ မြို့ပြထဲက ကွန်ပျူတာစင်တာတွေဟာ ရေအောက်ထဲရောက်လာဖို့ နီးစပ်လာတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category