0 Shares 340 Views

LG က ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Stylo 3 ကို မိတ်ဆက်

Jan 05, 2017
0 340

LG က CES ပွဲမတိုင်ခင်က Stylo 3 ကို ကြိုတင်မိတ်ဆက်ခဲ့ပြီး အခုတော့ CES မှာ အသေးစိတ်သတင်းအချက်အလက်များကို မျှဝေလိုက်ပါတယ်။ အမေရိကန်မှာ Stylo 3 အမည်ဖြင့် ရောင်းချမှာ ဖြစ်ပြီး အခြားနိုင်ငံများမှာတော့ Stylus 3 အမည်ဖြင့် ရောင်းချမှာပါ။

Stylo 3 မှာ ၅.၇ လက်မ HD Display တပ်ဆင်ထားပါတယ်။ MediaTek 1.5GHz MT6750 Chipset မောင်းနှင်မှာပါ။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 3GB RAM, 16GB Storage , 3200mAh Battery ပါရှိပါတယ်။ 4G LTE ကို ထောက်ပံ့ပြီး Android 7.0 Nougat ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ဒစ်ဂျစ်တယ် ကညစ်တံ ပါရှိပါတယ်။

Stylo 3 မှာ လက်ဗွေရာ အာရုံခံ ကိရိယာလည်း တပ်ဆင်ထားပါတယ်။ အနက်နဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ref : gsm arena

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category