0 Shares 201 Views

Lenovo က ThinkPad X1 Carbon မော်ဒယ်အသစ်ကို မိတ်ဆက်

Jan 04, 2017
0 201

ပဌ္စမ မျိုးဆက် ThinkPad X1 Carbon လက်တော့ကို Lenovo က မိတ်ဆက်လိုက်ပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ ယခင်မျိုးဆက်နဲ့ ဆင်တူပေမယ့် မျိုးဆက်သစ်ဟာ အရွယ်ပိုမို သေးငယ်ပြီး ၂.၅ ပေါင်သာ အလေးချိန်ရှိပါတယ်။ ယခင်မျိုးဆက်ကတော့ ၂.၇ ပေါင်ရှိပါတယ်။ မော်ဒယ်အသစ်မှာ ၁၄ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ WQHD Display Model ကိုလည်း ရွေးချယ်နိုင်ပါတယ်။

Intel ရဲ့ သတ္တမမျိုးဆက် Core i7 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB RAM , 1TGB SSD Storage အထိ ရွေးချယ်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၁၅.၅ နာရီ အသုံးခံပါတယ်။ Microsoft Precision Trackpad ကိုလည်း ထောက်ပံ့ပေးပါတယ်။ SD Card Slot ၁ ခု နဲ့ USB Type-C Port ၂ ခု ၊ USB-A Port ၂ ခု ၊ HDMI Port ၁ ခု ပါပါတယ်။ လက်ဗွေရာ လုံခြုံရေး ကိရိယာနဲ့ အသုံးပြုသူရဲ့ မျက်နှာကို အာရုံခံနိုင်တဲ့ Infrared Camera တပ်ဆင်ထားပါတယ်။

ref : the verge

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category