1 Shares 1619 Views

ဓါတ်ပုံများမှာ Tag မခံရအောင် Suggestion List မှ သင့်အမည်ကို ဖွက်ထားနည်း

Jan 04, 2017
1 1619

Facebook မှာ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို အသုံးပြုခြင်းဖြင့် Upload ပြုလုပ်လိုက်တဲ့ ဓါတ်ပုံများမှာ ပါရှိတဲ့ လူတွေကို ခွဲခြားပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ သင့်သူငယ်ချင်းတွေ Upload ပြုလုပ်တဲ့ ဓါတ်ပုံတစ်ပုံမှာ သင့်ရဲ့ မျက်နှာကို တွေ့ရှိတာနဲ့ Facebook က အဲဒီဓါတ်ပုံမှာ သင့်သူငယ်ချင်းတွေက လွယ်ကူစွာ သင့်ကို Tag လုပ်နိုင်အောင် သင့်အမည်ကို Suggest ပြုလုပ်ပေးပါတယ်။

သင့်ကို သူငယ်ချင်းတွေက Tag လုပ်တဲ့အခါမှာ သင့်ရဲ့ Tagging Settings အရ သင်သတ်မှတ်ထားတဲ့ လူများက အဲဒီ ဓါတ်ပုံကို မြင်တွေ့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Privacy အရ ဓါတ်ပုံများမှာ သင့်ကို Tag ပြုလုပ်နိုင်ခြင်း မရှိအောင် ပိတ်ထားချင်ရင်တော့ အောက်ပါ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Note: အခုဖော်ပြမယ့် နည်းလမ်းက သင်ပါရှိတဲ့ ဓါတ်ပုံများကို သူငယ်ချင်းများက Upload ပြုလုပ်တဲ့အခါမှာ Tag ပြုလုပ်ဖို့အတွက် သင့်အမည်ကို Facebook က Suggest ပြုလုပ်ပေးခြင်းကိုသာ ပိတ်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပေမယ့်လည်း သင့်သူငယ်ချင်းတွေက အဲဒီ ဓါတ်ပုံမှာ သင့်ကို Tag ပြုလုပ်နိုင်အုံးမှာပါ။ Facebook က သင့်အမည်ကို အကြံပြုပြသပေးမှာ မဟုတ်တော့ပါဘူး။

ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် Settings ထဲသွားပါ။
%e1%81%81
Timeline and Tagging ကို နှိပ်ပါ။
%e1%81%82
“How can I manage tags people add and tagging suggestions” ကဏ္ဍမှ “Who sees tag suggestions when photos that look like you are uploaded.” ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။
%e1%81%83
ရွေးချယ်လိုက်တဲ့ ကဏ္ဍကို အကျယ်ဖြန့်ပြပေးမှာ ဖြစ်ပါတယ်။ Drop-Down List မှ No One ကို ရွေးပေးပါ။
%e1%81%84
ပြီးရင် ညာဘက်မှ Close ကို နှိပ်ပါ။
%e1%81%85
အခုဆိုရင် Settings ဟာ ပြောင်းလဲသွားပြီး သင့်သူငယ်ချင်းများက သင့်ဓါတ်ပုံကို Upload ပြုလုပ်ရင် ဖြစ်စေ၊ သင်နဲ့ တူတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံများကို တစ်စုံတစ်ယောက်က Upload ပြုလုပ်လိုက်ရင် ဖြစ်စေ Facebook က သင့်အမည်ကို အကြံပြုပြသပေးမှာ မဟုတ်တော့ပါဘူး။

%e1%81%86

ref: androidpit

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category