0 Shares 863 Views

၂၀၁၇ မှာ စောင့်ကြည့်ရမယ့် နည်းပညာ ကုမ္ပဏီ ၁၀ ခု

Jan 04, 2017
0 863

၂၀၁၇ ကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ iPhone ၁၀ နှစ်ပြည့်ဖြစ်သလို VR ကလည်း ရေပန်းစားလာမှာပါ။ စမတ်နေအိမ် ထုတ်ကုန်တွေကိုလည်း နည်းပညာ ကုမ္ပဏီတွေ အရှိန်မြှင့်မယ့် နှစ်ပါ။ နည်းပညာ ကုမ္ပဏီများစွာထဲကမှ ၂၀၁၇ မှာ စောင့်ကြည့်ရမယ့် ကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Magic Leap
1

Magic Leap ကတော့ ကွန်ပြူတာကနေ ဖန်တီးတဲ့ ရုပ်ပုံများနဲ့ မီဒီယာများကို ပြင်ပကမ္ဘာနဲ့ ပေါင်းစပ်ထားတဲ့ Mixed Reality နည်းပညာကို တီထွင်နေပါတယ်။ Magic Leap One ဆိုတဲ့ ထုတ်ကုန်ကို ဖန်တီးနေပါတယ်။ Magic Leap ရုံးခန်းကို Mixed Reality နည်းပညာဖြင့် ပုံဖော်ထားတဲ့ ဗီဒီယိုကိုလည်း အမြင်ဆန်းသစ်စွာ မြင်ခဲ့ကြရပြီးပါပြီ။ ကုမ္ပဏီဟာ ဒီနှစ်ထဲမှာ ပြိုင်ဖက် နည်းပညာ ကုမ္ပဏီတွေကို နောက်ကောက်ချနိုင်မယ့် ထုတ်ကုန်တစ်ခုကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

၂။ Microsoft , Google , Apple နဲ့ Amazon
2

ဒီနည်းပညာ ကုမ္ပဏီများဟာ iPhone , Video Streaming , Software , Search စတဲ့ သူတို့ရဲ့ အဓိက ထုတ်ကုန်နဲ့ ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်နေကြပါတယ်။ သူတို့အားလုံးဟာ ဒီနှစ်မှာ စမတ်နေအိမ်ကို ပစ်မှတ်ထားနေကြပါတယ်။ စမတ်နေအိမ်ဟာ နည်းပညာသစ်တစ်ခု ဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီကတော့ နှစ်ပေါင်းများစွာကြာ အမြတ်ငွေ သဲ့ယူနိုင်မှာပါ။

၃။ Microsoft
3

Microsoft က VR နယ်ပယ်မှာလည်း အရှိန်မြှင့်နေပါတယ်။ ယခင်နှစ် အောက်တိုဘာလက ပီစီနဲ့ တွဲဖက် သုံးရတဲ့ Windows 10 VR Headset များကို ပြသခဲ့ပါတယ်။ ထူးခြားတာက ဒေါ်လာ ၂၉၉ လောက်သာ တန်ကြေးရှိတာပါ။ Microsoft က Dell, HP , Lenovo , Asus, Acer တို့နဲ့ ပူးပေါင်းထားပါတယ်။ Headset နဲ့ တွဲဖက်သုံးနိုင်တဲ့ ပီစီရဲ့ စွမ်းရည်ဟာလည်း အမြင့်ကြီး မလိုပါဘူး။

၎။ Tesla
4

Tesla က နေအိမ်များအတွက် စွမ်းအင်နဲ့ ကားလောကရဲ့ အနာဂတ်ဟာ အီလက်ထရစ်ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် လေ့လာသူအချို့က Tesla ရဲ့ ရည်မှန်းချက် အောင်မြင်လာပါ့မလားလို့ စိုးရိမ်နေကြပါတယ်။ ပညာရှင်အချို့က Model 3 ကို ဒီနှစ်နှောင်းပိုင်းလောက်မှ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဈေးကြီးမယ်လို့ ထောက်ပြကြပါတယ်။ နောက်ပြီး Tesla ဟာ အီလက်ထရစ်ကားများကနေ ၀င်ငွေရှာဖို့ လိုနေပါတယ်။ ဒါပေမယ့် စောင့်ကြည့်သင့်တဲ့ နည်းပညာ ကုမ္ပဏီတစ်ခုပါ။

၅။ Yahoo
5

Yahoo ဟာ ယခင်နှစ် ဒီဇင်ဘာလမှာ ဟက်ခံခဲ့ရပြီး User ပေါင်း ၁ ဘီလီယမ်ရဲ့ ဒေတာများ ပေါက်ကြားခဲ့ပါတယ်။ သမိုင်းတစ်လျှောက်မှာတော့ အကြီးမားဆုံး ဟက်ခံခဲ့ရတဲ့ ဖြစ်ရပ်ပါ။ Yahoo ဟာ ၂၀၁၄ ခုနှစ် ဟက်ခံရမှုတုန်းကလည်း User များကို အသိပေးဖို့ နောက်ကျတဲ့အတွက် တရားရင်ဆိုင်နိုင်ရပါတယ်။ ဒါပေမယ့် Yahoo ရဲ့ ရှယ်ယာ ၅ ဘီလီယမ်ကို Verizon က ၀ယ်ယူဖို့ ဆွေးနွေးနေကြတဲ့အတွက် ဒီနှစ်မှာ ဘယ်လို နည်းပညာ ထုတ်ကုန်များနဲ့ ပြေးလမ်းပေါ် ပြန်တက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၆။ Oculus

6

ယခင်နှစ် ဒီဇင်ဘာက Facebook ပိုင်ဆိုင်တဲ့ Oculus ဟာ မိုဘိုင်းနဲ့ ပီစီ ဌာန ၂ ခု ခွဲလိုက်တယ်လို့ ကြေညာပါတယ်။ Oculus ရဲ့ လက်ရှိ Headset များဟာ စွမ်းရည်မြင့် ပီစီများနဲ့ တွဲဖက် သုံးနေရတဲ့အတွက် မိုဘိုင်းဌာနခွဲဟာ အရေးကြီးပါတယ်။ Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ VR အရသာကို ခံစားစေချင်နေတဲ့အတွက် မိုဘိုင်းဟာ အရေးပါလာမှာပါ။

၇။ GoPro
7

GoPro ဟာ Action Camera အပြင် Drone နယ်ပယ်ကို ခြေချလာပါတယ်။ သူ့ရဲ့ ပထမဆုံး GoPro Karma ဟာ အလွန်ကောင်းတဲ့ ဝေဖန်သုံးသပ်မှုတွေ ရခဲ့ပါတယ်။ Drone မှာ သူ့ရဲ့ နည်းပညာမြင့် ကင်မရာများ တပ်ဆင်ထားတာက အံ့မခန်း ပေါင်းစပ်မှုပါ။

၈။ Brave
8

Brave က Ad-Blocker များနဲ့ Publisher များကြားမှ ပြဿနာကို ဖြေရှင်းထားပါတယ်။ Publisher များက ကြော်ညာဝင်ငွေနဲ့ ရပ်တည်ရသလို အချို့လူများကလည်း ကြော်ညာများကို မကြည့်ချင်ကြပါဘူး။ Brave ရဲ့ ချဉ်းကပ်မှုက ၀က်ဆိုက်များမှ ကြော်ညာများကို မကြည့်ချင်ရင်တော့ User ထံမှ ငွေတောင်းခံတဲ့ နည်းလမ်းပါ။ အဲဒီငွေကို User ကြည့်ရှုမှု အပေါ် မူတည်ပြီး ၀က်ဆိုက်များအား ပြန်လည်ခွဲဝေပေးပါတယ်။ ဒါဟာ အိုင်ဒီယာ အသစ်ပါ။

၉။ Niantic
9

Pokemon Go ဟာ ယခင်နှစ်က အပေါက်ဆုံး ဂိမ်းဖြစ်ခဲ့ပေမယ့် တစ်ချိန်လုံး လမ်းပေါ်ထွက် ကစားရတာကို လူတွေ စိတ်ပျက်လာပါတယ်။ အဲဒီအတွက် ဖောက်သည်တွေကို စွဲဆောင်ထားနိုင်ဖို့ စွမ်းဆောင်ချက် အသစ်များ လိုနေပါပြီ။ ဈေးဆိုင်လို ကုမ္ပဏီများထံ ဂိမ်းကစားသူတွေကို ပို့ဆောင်ပေးပြီး ဈေးဆိုင်ကနေ ၀င်ငွေရအောင် ပြုလုပ်ရတော့မှာပါ။ ဒီနှစ်မှာထွက်ရှိလာမယ့် စွမ်းဆောင်ချက်များက ရင်ခုန်စရာပါ။

၁၀။ Uber
10

ယခင်နှစ် ဒီဇင်ဘာလမှာ Uber က ကယ်လီဖိုးနီးယားမှာ စက်ရုပ် တက္ကစီများဖြင့် ၀န်ဆောင်မှုပေးခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အာဏာပိုင်များက ရပ်တန့်ဖို့ ပြောခဲ့ပါတယ်။ အာဏာပိုင်များက Uber ဟာ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပါတယ်။ Uber ကလည်း ပြဌာန်းထားတဲ့ ဥပဒေထဲမှာပဲ လုပ်ဆောင်တယ်လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ Uber နဲ့ အာဏာပိုင်များရဲ့ အားပြိုင်မှုက ကြည့်ကောင်းမယ့် ပွဲပါ။

ref : tech radar

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category