0 Shares 181 Views

နွားပုံကို ပြောင်းပြန်ထားရင် ညစ်ညမ်းပုံရိပ်လား လို့ ဖေ့စ်ဘုတ်ကို ဂျာနယ်လစ်တစ်ဦး က ဝေဖန်ခဲ့

Jan 03, 2017
0 181

အီတလီက ဂျာနယ်လစ်လည်းဖြစ် ၊ အနုပညာရှင်လည်း ဖြစ်တဲ့ သမိုင်းသုတေသီ အီလစ်ဆာဘာဘရီ ရဲ့ သမိုင်းဝင်ရုပ်တုတွေကို ညစ်ညမ်းပုံရိပ်၊ ၀တ်လစ်စလစ် ပုံရိပ်တွေကို ဖော်ပြခွင့် ငြင်းပယ်တဲ့ မူဝါဒ အရ ဖေ့စ်ဘုတ် က ငြင်းပယ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဖေ့စ်ဘုတ်ရဲ့ Nudity Policy ဟာ ပြန်လည်သုံးသပ်စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်တဲ့အကြောင်း ဝေဖန်ငြင်းခုံမှုတွေ မြင့်တက်လာခဲ့တယ် လို့ ဆိုပါတယ်။
.
အီတာလျံအနုပညာရှင် ဟာ ဘိုလာ့ဂ်နာမြို့မှာ ရှိတဲ့ ၁၆ရာစုခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် အနုပညာလက်ရာတွေကို ဖေ့စ်ဘုတ်ပေါ်မှာ upload တင်ခဲ့ပြီး ပရိုမိုရှင်းလုပ်ကာ ကြော်ငြာခဲ့ပါတယ်။ Facebook ရဲ့ Admin အဖွဲ့ကနေ အီလစ်ဆာဘာဘရီ ဆီကို စာတစ်စောင် ပြန်လည် ပို့ဆောင်ခဲ့ရာမှာ ယခုလက်ရာတွေဟာ အ၀တ်အစားမဲ့ပုံရိပ်တွေ ဖြစ်ပြီး ဒီပုံရိပ်တွေဟာ ပညာရေးအတွက် ဖြစ်ဖြစ် ၊ သမိုင်းဝင်ပုံရိပ်တွေပဲ ဖြစ်ဖြစ်  အများပြည်သူ ကြည့်ရှုဖို့ လက်ခံခြင်းအတွက် မသင့်တော်ဘူး ဆိုတဲ့ အကြော်ငးပြချက်နဲ့ လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။
.
ငြင်းပယ်ခံရတဲ့ ရုပ်တု ဟာ Giambologna လို့လည်း လူသိများတဲ့ ပန်းပုပညာရှင် Jean De Boulogne ရဲ့ ရုပ်တုဖြစ်ပြီး ၁၅၆၀ ခုနှစ်တုန်းက ထုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာ အလွန်ထင်ရှားလူသိများတဲ့ ခက်ရင်ခွသုံးခု နဲ့ ပင်လယ်နတ်ဘုရား ပိုဆိုဒ်ဒွန် ရဲ့  ရုပ်တုပုံပဲ ဖြစ်ပါတယ်။
.
အီလစ်ဆာဘာဘရီဟာ အဲဒီလုပ်ရပ်အတွက် မပျော်ရွှင်ဖြစ်ခဲ့ရပေမယ့်  ဖေ့စ်ဘုတ် ကိုတော့ အပြစ်မတင်ခဲ့ပါဘူး။ သူမရဲ့ ဖေ့စ်ဘုတ် ကာဗာမှာတော့ ဒါဟာ ၀တ်လစ်စလစ် ပုံရိပ်မဟုတ်ဘူး ဆိုတဲ့အကြောင်းကို တင်ထားခဲ့ပြီး
နွားပုံကို ပြောင်းပြန်လှန်ထားရင်ရော ညစ်ညမ်းပုံဖြစ်သလား ဆိုပြီး လှောင်ပြောင်သရောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအကြော်ငး ကို ဒေးလီးတယ်လီဂရပ်သတင်းစာ ကို ပြောပြခဲ့တဲ့အချိန်မှာတော့ Facebook ရဲ့ Object Recongnition ဆော့ဖ်ဝဲကို  အခုထက်ပိုပြီး တိကျဖို့နဲ့ ခွဲခြမ်းနားလည်နိုင်စေဖို့  ပြန်လည် သုံးသပ်ပြင်ဆင်တဲ့အကြောင်း တိုက်တွန်းထားတဲ့ စကားသံတွေ အများအပြား
ပေါ်ထွက်လာခဲ့ပါတော့တယ်။
..
..
Ref : DT

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
655 shares148 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
138 shares56 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Most from this category