0 Shares 26 Views

Huawei Branded Shop ကို လှိုင်သာယာမြို့နယ်တွင် ထပ်မံဖွင့်လှစ်

Jan 03, 2017
0 26

Huawei က ၎င်း၏ ၁၃ ဆိုင်မြောက် Huawei Branded Shop ကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ အရောင်းပြခန်းနားအနီးတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် Huawei မှတာဝန်ရှိသူများနှင့် Asia Mobile မှ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ကာ Huawei Branded Shop ကို ဖွင့်လှစ်ပေးခဲ့ပြီး Huawei Device Myanmar ၏ Retail Director၊ Mr. Mark Zhang က “အခုဆိုရင် ကျွန်တော်တို့ Huawei အမှတ်တံဆိပ်ကို ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေ၊ အထူးသဖြင့် ဥရောပက သုံးစွဲသူတွေက သိသိသာသာ အသိအမှတ်ပြုလာကြပါပြီ။ ဒါဟာ ကျွန်တော်တို့ Huawei က ကမ္ဘာ့ဈေးကွက်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ပြီး ဂရုတစိုက်နဲ့ ဖန်တီးခဲ့တဲ့ ဆန်းသစ်တီထွင်မှုတွေ၊ လေ့လာခဲ့တဲ့ သုတေသနတွေ၊ ထိန်းသိမ်းခဲ့တဲ့ ထုတ်ကုန်အရည်အသွေးတွေနဲ့ သုံးစွဲသူတွေဆီက လက်ခဲ့ရရှိတဲ့ ကျေနပ်နှစ်သက်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ Huawei သုံးစွဲသူတွေ များပြားလာတာနဲ့ အမျှ အလွယ်တကူဝယ်ယူရရှိနိုင်ရေးကလည်း အရေးကြီးပါတယ်။ အလွယ်တကူဝယ်ယူ ရရှိနိုင်ရေးတင်မကပါဘူး။ စစ်မှန်တဲ့ အရည်အသွေးကို ဝယ်ယူရရှိနိုင်ဖို့ကလည်း အရေးကြီးလှတဲ့အတွက် အခုလို Branded Shop တွေကို ထပ်မံဖွင့်လှစ်ပေးတာဖြစ်ပါတယ်။”  ဟု ပြောကြားခဲ့ပါသည်။

ပြင်ဆင်ထားသည်။ ထို Branded Shop တွင် သုံးစွဲသူများ စမ်းသပ်သုံးစွဲကြည့်နိုင်စေရန် စီစဉ်ထားလျက်ရှိပြီး Huawei ၏ ထုတ်ကုန်သစ်တစ်ခုဖြစ်သည့် တန်ဖိုးအသင့်ဆုံး ကင်မရာနှစ်လုံးပါစမတ်ဖုန်း (Best Value Dual Camera Smartphone) Huawei GR5 2017 အပါအဝင်အခြား စမတ်ဖုန်းများ၊ Tablet များကို စမ်းသပ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ယခု Huawei Branded Shop သည် Huawei ၏ (၁၃) ဆိုင်မြောက် Branded Shop ဖြစ်ပြီး ရန်ကုန်မြို့တွင် (၁၀) ဆိုင်၊ မန္တလေးမြို့တွင် (၂) ဆိုင်နှင့် နေပြည်တော်တွင် (၁) ဆိုင် အသီးသီးဖွင့်လှစ်ထားကာ မန္တလေးမြို့ရှိ (၂) ဆိုင်အနက် (၁) ဆိုင်ကို ဒီဇင်ဘာလ (၂၄) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares21 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Most from this category