0 Shares 196 Views

တစ်ကမ္ဘာလုံးအမြတ်ငွေ ဒေါ်လာ၃.၄ဘီလျံတွင် လေးရာခိုင်နှုန်းအခွန်ဆောင်ခဲ့ရတဲ့ Facebook

Feb 01, 2016
0 196

လူမှုကွန်ယက်စာမျက်နှာကြီး Facebook က ၂၀၁၄ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၃.၄ဘီလျံရှိတဲ့အနက်က လေးရာခိုင်နှုန်းလောက်ပဲ အခွန်ဆောင်ခဲ့ရတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီစုံစမ်းမှုကိုတော့ ဗြိတိန်နိုင်ငံထုတ် Sunday Times သတင်းစာကြီးက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေဖွင့်ချခဲ့တာဖြစ်ပါတယ်။

Facebook ဟာ ၂၀၁၄ခုနှစ်မှာ တစ်ကမ္ဘာလုံးက အမြတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၄ဘီလျံရှိတဲ့အနက်က အမေရိကန်အာဏာပိုင်တွေကို ဝင်ငွေခွန်ရဲ့ လေးရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၁၂၃သန်း ခန့်ပေးချေခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်စတော့ရှယ်ယာဈေးကွက်ရဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှ ဝင်ငွေတွေရဲ့ ၃.၆ရာခိုင်နှုန်းလောက်ပဲ ထိထိရောက်ရောက် အခွန်ဆောင်ခဲ့ပြီး ဗြိတိန်မှာတော့ ကုမ္ပဏီကြီးတွေဟာ အဖွဲ့အစည်းအခွန်ကို အနည်းဆုံး ၂၁ ရာခိုင်နှုန်းပေးချေရတာဖြစ်ပါတယ်။

မိုဘိုင်းပစ္စည်းတွေရဲ့ ကြော်ငြာတွေဟာ သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ အဓိကအရောင်းရဆုံးဖြစ်ပြီး သုံးလပတ်အမြတ်ငွေဟာ ၅၂ရာခိုင်နှုန်းလောက် မြှင့်တက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက်ပိုင်း Facebook ရဲ့ ရှယ်ယာဈေးတွေဟာ ပြီးခဲ့တဲ့အပတ်က တစ်ဟုန်ထိုးထိုးတက်သွားခဲ့တာဖြစ်ပါတယ်။

Facebook ပူးတွဲတည်ထောင်သူ နဲ့ CEO Mark Zuckerberg က သူတို့ကုမ္ပဏီဟာ ၂၀၁၅ခုနှစ်မှာအောင်မြင်ခဲ့ပြီး ဆက်လက်ကြီးထွားစည်ပင်တဲ့ လုပ်ငန်းဖြစ်အောင်ပြုလုပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Independent

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category