0 Shares 1292 Views

လက်ရှိထက် ဆယ်ဆ ပိုမြန်တဲ့ Snapdragon 835 ပရိုဆက်ဆာ လာတော့မည်

Jan 03, 2017
0 1292

လက်ရှိမိုဘိုင်းဖုန်းလောကမှာ နောက်ဆုံးပေါ်အနေနဲ့ သုံးစွဲနေကြတဲ့ Snapdragon မျိုးဆက် 821 ထက် ဆယ်ဆ ပိုမို မြန်ဆန်ပြီး တုန့်ပြန်မှုနှုန်းအားကောင်းလွန်းတဲ့ မျိုးဆက်သစ်ပရိုဆက်ဆာတွေကို ထုတ်လုပ်ပေးမယ် လို့ Qualcomm က အာမခံပြောကြားလိုက်ပါတယ်။
.
Snapdragon ပရိုဆက်ဆာတွေကို Qualcomm ကုမ္ပဏီ က တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Quad-core Snapdragon 610 နဲ့  eight-core 615 တွေကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် ၊ ဖေဖော်ဝါရီလ က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ Snapdragon 821 မျိုးဆက်ကို Google Pixel, ASUS Zenfone 3 Deluxe, OnePlus3T,Xiaomi Mi Max စတဲ့ဖုန်းတွေ မှာ သုံးစွဲထားတာတာကို တွေ့ရမှာ
ဖြစ်ပါတယ်။ အခု အသစ်ထုတ်လုပ်မယ့် ပရိုဆက်ဆာ မျိုးဆက် က Snapdragon 835 ပဲ ဖြစ်ပါတယ်။ 2017 ခုနှစ်ထဲမှာ မိုဘိုင်းဖုန်းဝယ်ယူမယ် ဆိုရင် Qualcomm Snapdragon 835 ပရိုဆက်ဆာကို စောင့်ဆိုင်းပြီးမှ ၀ယ်ယူကြဖို့ လေ့လာသုံးသပ်သူတွေနဲ့ မိုဘိုင်းပညာရှင်တွေက အကြံပေးထားပါတယ်။
.
Snapdragon 835 ဟာ မိုဘိုင်းဖုန်းတစ်ခုကို စွမ်းရည်အပြည့်အ၀ ထုတ်ယူရင်း၊ အမှန်တကယ် သုံးစွဲမယ်ဆိုရင် ၁ ရက်ထက်ပိုပြီး သုံးစွဲမှုခံနိုင်ရည်ရှိစေမှာ ဖြစ်ပြီး ၄ နာရီစာ ဖုန်းသုံးစွဲမှုအတွက် ၄ မိနစ်လောက်သာ အားပြန်လည် ဖြည့်သွင်းပေးရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
.
Snapdragon 835 ဟာ မိုဘိုင်းဖုန်းတွေအတွက်သာမကဘဲ VR ဟန်းဆက်တွေမှာပါ ထည့်သွင်းသုံးစွဲနိုင်စေဖို့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် Qualcomm ရဲ့ Kryo 280 CPU သာ မကပဲ တခြား VR CPU အများအပြားမှာပါ
ပေါင်းစပ်ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် VR ကို ကြည့်ရှုသုံးစွဲသူဟာ မူလထက် ၂၅ ရာခိုင်နှုန်း ပိုပြီ မြန်နှုန်းအားကောင်း လာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် VR ဟာ ပြင်ပလူနေမှုဘ၀ နဲ့ ပိုပြီးတော့ နီးစပ်လာစေမှာ ဖြစ်ပါတယ်။ တကယ်လို့ ပရိုဆက်ဆာ အသစ် ကို မိုဘိုင်းဖုန်းထည့်သွင်းပြီး အလုပ်လုပ်ဆောင်စေမယ် ဆိုပါက 4K ဗွီဒီယို တစ်ခု ကို အရင်ကထက် ပိုပြီး တည်တည်ငြိမ်ငြိမ် ကြည့်ရှုနိုငမှာ ဖြစ်ပြီး ဓါတ်ပုံတွေကို အလိုအလျှောက် Focus ဖြတ်စေနိုင်တဲ့အထိ ရုပ်လုံးကြွ အရည်သွေး မြင့်တက်လာမယ် လို့ ဆိုပါတယ်။
.

 

Ref : TNW

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Most from this category