0 Shares 207 Views

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် MPT မှငွေဖြည့်လက်ဆောင်များပေးအပ်ခြင်း အစီစဉ်ကိုမိတ်ဆက်

MPT မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်းနဲ့ MPT သုံးစွဲသူ(၂၁)သန်းကျော်အား အသိအမှတ်ပြုတဲ့ အနေဖြင့် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ(၄)ရက်နေ့အတွင်း ငွေဖြည့်သူများအတွက်အထူးပရိုမိုးရှင်းအဖြစ် (၅၀)ရာခိုင်နှုန်းအထိရရှိမယ့် ငွေဖြည့်လက်ဆောင်များပေးအပ်သွားမယ်လို့ သိရပါတယ်။

MPT မှ GSM /WCDMA/ CDMA အသုံးပြုသူများအနေနဲ့ ပရိုမိုးရှင်းကာလအတွင်း ငွေဖြည့်ကတ်၊ E-Top-up၊ Bank Top-up၊ Red-Dot တို့နဲ့ငွေဖြည့်သွင်းခြင်းဖြင့် ငွေဖြည့်လက်ဆောင်များကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါငွေဖြည့်လက်ဆောင်များကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ Pay-As-you-Go စနစ်ဖြင့်အင်တာနက်သုံးစွဲရာမှာ အသုံးပြုနိုင်ပြီး ရရှိထားတဲ့ငွေဖြည့်လက်ဆောင်များကို အခြားဖုန်းများကို ငွေလွှဲပြောင်းပေးခြင်း မရဘူးလိုလည်းသိရပါတယ်။

MPT ရဲ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပရိုမိုးရှင်းအစီအစဉ်မှာရရှိတဲ့ ငွေဖြည့်လက်ဆောင်များအားလုံးကို ငွေဖြည့်သွင်းချိန်မှစတင်ပြီး နောက်ထပ်(၅)ရက်အတွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category