0 Shares 295 Views

HTC ရဲ့ အရွယ်ကြီး Ocean Note လာမည်

Jan 01, 2017
0 295

ထိုင်ဝမ်ကနေ ထွက်ပေါ်လာတဲ့ သတင်းများအရ HTC ဟာ အရွယ်ကြီး စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ HTC Ocean Note လို့ အမည်ပေးထားပြီး မျက်နှာပြင်အရွယ်အစားဟာ ၅.၅ လက်မနဲ့ ၅.၇ လက်မအကြားမှာ ရှိမှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ HTC Ocean Note ရဲ့ အရှေ့ဘက်မှာ Physical Button များ မပါရှိပါဘူး။ 3.5mm Audio Jack ကိုလည်း ဖယ်ရှားထားပါတယ်။

HTC Ocean Note မှာ ထူးခြားတဲ့ စွမ်းဆောင်ချက် ၂ ခု ပါလာမှာ ဖြစ်ပြီး တစ်ခုမှာ Samsung Galaxy S7 Edge လို မျက်နှာပြင်ငယ်တစ်ခု အပိုပါလာမှာ ဖြစ်ပါတယ်။ အခြား တစ်ခုမှာ ကင်မရာ ဖြစ်ပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။

HTC Ocean Note ကို အရောင်သုံးမျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ MediaTek Chipset မောင်းနှင်မှာလို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : gsm arena

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Most from this category