0 Shares 124 Views

မောင်းသူမဲ့ဘတ်စ်ကားတွေကို နယ်သာလန်နိုင်ငံမှာ စတင်အသုံးပြု

Feb 01, 2016
0 124

လျှပ်စစ်စွမ်းအင်သုံး၊ မောင်းသူမဲ့ဘတ်စ်ကားတစ်စီးဟာ နယ်သာလန်နိုင်ငံ၊ ဝဂ်ဂနင်ဂန်မြို့ (Wageningen) မှာ ဇန်န၀ါရီလ၊ ၂၈ ရက်နေ့က ပထမဆုံးပြေးဆွဲခဲ့ပါတယ်။

ဒါဟာ ကမ္ဘာမှာ ပထမဆုံးမောင်းသူမဲ့ဘတ်စ်ကားကို မြို့တွင်းခရီးလမ်းမှာ စတင်စမ်းသပ်အသုံးပြုတာဖြစ်ပြီး၊ ခရီးသည်ခြောက်ယောက် လိုက်ပါစီးနင်းခဲ့ကြပါတယ်။

ယခုမောင်းသူမဲ့လျှပ်စစ်ဘတ်စ်ကားတွေကို WEpod လို့အမည်ပေးထားပြီး၊ လာမယ့်နှစ်တွေအတွင်းမှာ Wageningen မြို့ အတွင်း ခေါက်တုံ့ခေါက်ပြန်ပြေးဆွဲဖို့အတွက် နောက်ထပ်ယာဉ်အမြောက်အများကို တပ်ဆင်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။

WEpod မောင်းသူမဲ့ဘတ်စ်ကားမှာ၊ လီဗာတွေ၊ စတီယာရင်တွေပါဝင်မှာမဟုတ်ဘဲ၊ အလိုအလျောက် စနစ်နဲ့ မောင်းနှင်သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဘတ်စ်ကားတစ်စီးမှာ ခရီးသည်ခြောက်ယောက်လိုက်ပါနိုင်ပြီး၊ အလိုအလျောက်အဖွင့်အပိတ်တံခါး၊ ဘီးတပ်ကုလားထိုင်သမားတွေအတွက်ဆင်ခြေလျှောတစ်ခုတို့ ပါဝင်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံးဘတ်စ်ကားဖြစ်တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်းမရှိစေဘဲ၊ တစ်နာရီကို အမြန်ဆုံး ၂၅ မိုင်နှုန်းမောင်းနှင်နိုင်ပါတယ်။ ယာဉ်ရှုပ်ထွေးတဲ့လမ်းမမှာတော့ တစ်နာရီကို ၁၅.၅ မိုင်နှုန်းပဲမောင်းနှင်နိုင်အောင် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ယာဉ်မှာတပ်ဆင်ထားတဲ့ကင်မရာ၊ ရေဒါနဲ့ လေဆာအာရုံခံကိရိယာတွေကိုအသုံးပြုကာ၊ ပတ်ဝန်းကျင်အခြေအနေအချက်အလက်တွေကို ယာဉ်ကကောက်ယူမှတ်သားပြီး၊ တပါတည်းပါဝင်တဲ့ကွန်ပြုတာတွေက အဆိုပါအချက်အလက်တွေကို ပေါင်းစည်းစိစစ်ကာ၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်တာဖြစ်ပါတယ်။

အကယ်၍ ယာဉ်မောင်းနှင်နေရင်း မတော်တဆရပ်တန့်သွားပါက၊ ယာဉ်ထိန်းချုပ်စင်တာမှာရှိတဲ့ အော်ပရေတာက ယာဉ်ကို လှမ်းစစ်ဆေးပြီး၊ လိုအပ်ပါက restart ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ ယာဉ်မှာပါဝင်တဲ့စက်ကနေလည်း ထိန်းချုပ်ခန်းကို လှမ်းဆက်သွယ်လို့ရပါတယ်။

ယခု WEPod ယာဉ်ကို နယ်သာလန်နိုင်ငံက Delft နည်းပညာတက္ကသိုလ်က နယ်သာလန်အစိုးရနဲ့ပူးပေါင်းတီထွင်ခဲ့တာဖြစ်ပြီး၊ ဒေါ်လာ ၃.၃ သန်းလောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်။

Ref: DailyMail

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category