0 Shares 63 Views

ဘော့စတွန်မှာ စက်ရုပ်ကားများကို စမ်းသပ်မောင်းနှင်မည်

Jan 01, 2017
0 63

အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက စက်ရုပ်ကား ကုမ္ပဏီ NuTonomy ကို သူ့ရဲ့ ကားများအား ဘော့စတွန်မှာ စမ်းသပ်မောင်းနှင်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့မှာ စတင်စမ်းသပ်ခွင့်ပေးလိုက်တာပါ။

NuTonomy ရဲ့ စီအီးအို ဖြစ်သူ Karl Lagnemma က လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ စတင်စမ်းသပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုပ်ကားများကို စက်မှုဇုန် ပန်းခြံဖြစ်တဲ့ Raymond L. Flynn Marine Park မှာ စမ်းသပ်မှာဖြစ်ပါတယ်။ စမ်းသပ်မယ့် စက်ရုပ်ကားများမှာ Renault Zoe Electric Cars များ ဖြစ်ကြပါတယ်။ အဲဒီပန်းခြံမှာ ကားရှင်းပြီး စက်ဘီးနဲ့ လမ်းသွားလမ်းလာများသာ ရှိပါတယ်။ ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ယောက်က စက်ရုပ်ကားပေါ်မှာ လိုက်ပါ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

NuTonomy ဟာ စက်ရုပ်ကားများကို အမြန်ဆုံး လူတွေ စီးနင်းနိုင်အောင် တီထွင်မယ်လို့ ရည်ရွယ်ထားပါတယ်။ NuTonomy က ၂၀၁၆ ခုနှစ် သြဂုတ်လမှာ စင်ကာပူတွင် တက္ကစီ ကုမ္ပဏီ Grab နဲ့ ပူးပေါင်းပြီး စက်ရုပ်ကား တက္ကစီ ၀န်ဆောင်မှုကို စတင် ပြုလုပ်ခဲ့ပါတယ်။ ဘော့စတွန်မှာတော့ စက်ရုပ် တက္ကစီ ၀န်ဆောင်မှုကို ပြုလုပ်ဖို့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။

ref: the verge

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
655 shares148 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
138 shares56 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Most from this category