0 Shares 228 Views

ဆယ်လီရဲ့ Facebook Page မှာ Live လွှင့်ချင်လို့ ဓါးကိုင် ခြိမ်းခြောက်တဲ့ လူ

Jan 01, 2017
0 228

လူတစ်ယောက်ဟာ ဓါးကိုင်လျှက် စတိုးဆိုင်ထဲ ၀င်လာပြီး ဆိုင်ရှင်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ သူလိုချင်တာ ပိုက်ဆံတော့ မဟုတ်ပါဘူး။ ဆိုင်ပိုင်ရှင်ရဲ့ Facebook Page ကနေ Live လွှင့်ချင်လို့ပါ။ နယူးယောက်မြို့ရှိ စတိုးဆိုင် ပိုင်ရှင် ဖြစ်သူ Abdul Aziz ဟာ Facebook မှာ Followers များစွာ ရထားတဲ့ ဒေသတွင်း ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် Rasheem Harrison ဆိုသူ အမျိုးသားဟာ စတိုးဆိုင်ထဲ ၀င်လာပြီး ဓါးကို ဝှေ့ယမ်း၍ ဆိုင်ရှင်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ Aziz က သူဟာ ဆိုင်ထဲမှာ ဓါးစာခံ တစ်ယောက်လို ခံစားခဲ့ရပြီး ကြောက်ရွံ့ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာတော့ ရမ်းကားသူရဲ့ တောင်းဆိုချက်အတိုင်း ဆိုင်ရှင်က သူ့ရဲ့ Facebook Page ကနေ Live လွှင့်ခွင့်ပေးခဲ့ပါတယ်။ Live လွှင့်ပြီးနောက်မှာ သူဟာ ရေခဲမုန့်တစ်ခုစားပြီး ထွက်သွားခဲ့ပါတယ်။

Aziz ဟာ Facebook မှာ AK A. Isaac အမည်နဲ့ သိကြပြီး Follower ပေါင်း ၇၀၀၀ နီးပါးရှိပါတယ်။ သူဟာ ဖောက်သည်တွေအတွက် ဗီဒီယိုများကို မကြာခဏ တင်လေ့ရှိပါတယ်။ ရဲက Live Video ကို သက်သေအဖြစ် သုံးမယ်လို့ ပြောပါတယ်။ ရမ်းကားသူကို ဒဏ်ငွေ ဒေါ်လာ ၂၅၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

ref : worldwide weird news

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category