0 Shares 788 Views

တောင်းရမ်းသူများအတွက် Credit Card နဲ့ ငွေလက်ခံနိုင်တဲ့ အင်္ကျီ ရပြီ

Jan 01, 2017
0 788

အမ်စတာဒမ်မှ ကုမ္ပဏီ တစ်ခုက သူတောင်းစားများအတွက် Credit Card နဲ့ ငွေလက်ခံနိုင်တဲ့ အင်္ကျီကို တီထွင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်းက လူတွေဟာ ပိုက်ဆံ မကိုင်ကြတော့တဲ့အတွက် ငွေသိပ်မရကြဘူးလို့ သူတောင်းစားများက ပြောပါတယ်။

နယ်သာလန်မှ Carsten van Berkel နဲ့ Stefan Leendertse တို့က အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အင်္ကျီကို တီထွင်လိုက်ကြတာပါ။ သူတောင်းစားများနဲ့ အိမ်ခြေမဲ့များအတွက် အသုံးဝင်မယ်လို့ သူတို့က ပြောပါတယ်။ အင်္ကျီကနေ အလှူရှင်များက ၁ ယူရို လှူဒါန်းနိုင်ပါတယ်။

အင်္ကျီမှာ Card Reader ကို ထည့်သွင်းချုပ်ထားတာဖြစ်ပြီး အသုံးပြုနည်းကို ပြသပေးတဲ့ စကရင်ပါပါတယ်။ ငွေလှူချင်သူများက ကဒ်ကို အင်္ကျီအနားမှာ စက္ကန့်ပိုင်းလောက် ကပ်လိုက်တာနဲ့ အိုကေတဲ့ Contactless Payment စနစ်ဖြစ်ပါတယ်။ အလှူငွေဟာ သူတောင်းစားရဲ့ ဘဏ်အကောင့်ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။

ref : worldwide weird news

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
448 shares49 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Most from this category