0 Shares 441 Views

Consumer Electronics Show မှ စောင့်မျှော်စရာ နည်းပညာ ထုတ်ကုန်များ

Jan 01, 2017
0 441

အမေရိကန်ပြည်ထောင်စု Las Vegas မှာ ကျင်းပမယ့် CES 2017 နည်းပညာ ပြပွဲကြီးကတော့ နီးလာပါပြီ။ ပွဲကျင်းပတဲ့ တရားဝင်နေ့ရက်ကတော့ ဇန်န၀ါရီလ ၅ ရက်ကနေ ၈ ရက်နေ့အထိ ဖြစ်ပေမယ့် ၃ ရက်နဲ့ ၄ ရက်နေ့များမှာ အကြိုပြသကြလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း နည်းပညာမြင့် တီဗီများ၊ ကားများ၊ မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ၊ ပီစီများ၊ ကင်မရာများ၊ Virtual Reality Headset များစွာကို ကမ္ဘာအ၀န်းမှ နည်းပညာ ကုမ္ပဏီများစွာက အပြိုင်အဆိုင် ချပြကြတော့မှာ ဖြစ်ပါတယ်။

တီဗီကတော့ ဘုရင်ဖြစ်နေဦးမှာပါ။

CES ပွဲမှာတော့ တီဗီများဟာ ရေပန်း အစားဆုံး ဖြစ်လေ့ရှိပြီး ဒီနှစ်မှာလည်း တီဗီကတော့ ဘုရင် ဖြစ်နေဦးမှာပါ။ LG က သူ့ရဲ့ OLED TV များ၊ Samsung က SUHD နဲ့ Sony က Android TV , OLED TV များကို မိတ်ဆက်ကြမှာ ဖြစ်ပါတယ်။ 4K TV များအပြင် 8K TV အချို့ကိုတောင် မိတ်ဆက်နိုင်ပါတယ်။ 1
High Dynamic Range (HDR) ဟာ ပွဲမှာ ရေပန်းစားမှာပါ။ HDR ဟာ အရောင်စုံမှုနဲ့ ကြည်လင်ပြတ်သားမှု အပိုင်းမှာ အခြားနည်းပညာများထက် သာလွန်နေပါတယ်။ Samsung ကလည်း သူ့ရဲ့ စမတ်တီဗီများကို အဆင့်မြှင့်ထားမှာဖြစ်ပြီး စွမ်းဆောင်ချက် အသစ် သုံးခု ပါလာမှာပါ။

ကားများ
2

အီလက်ထရစ် ကားထုတ်လုပ်သူ Faraday Future က သူ့ရဲ့ ပထမဆုံး ထုတ်လုပ်ရောင်းချမယ့် ကားကို မိတ်ဆက်မှာပါ။ အဆင့်မြင့် နည်းပညာနဲ့ အံ့မခန်း ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ ကားကို မိတ်ဆက်မယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ Mercedes-Benz, Ford, Volvo, Chevy, VW နဲ့ Kia တို့ကလည်း ကားအသစ်များကို မိတ်ဆက်ကြမှာပါ။ အလိုအလျှောက် မောင်းနှင်တဲ့ ကား နမူနာများနဲ့ စက်ရုပ်ကားများရဲ့ နည်းပညာများကိုလည်း မိတ်ဆက်ကြမှာပါ။ Delphi and Mobileye က အများသုံးလမ်းမများလို ပုံစံတူ ပြုလုပ်ထားတဲ့ လမ်းမှာ အကွာအဝေး ၆.၃ မိုင် မောင်းပြဖို့ စိန်ခေါ်ထားပါတယ်။ Volvo က ၄ ရက်နေ့မှာ ဥာဏ်ရည်တုနဲ့ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာကို မိတ်ဆက်မှာပါ။

ရေစိုခံ၊ ခေါက်ချိုးနိုင်တဲ့ 4K Phone များလာမည်။
3

LG က ပွဲမတိုင်ခင်မှာ ဖုန်းအသစ် ၅ လုံးကို မိတ်ဆက်လိုက်ပါတယ်။ K10 ၊ ဓါတ်ပုံ အသားပေး K8 ၊ K4 ၊ K3 နဲ့ Stylus 3 တို့ ဖြစ်ပါတယ်။ ပွဲမှာ အဲဒီဖုန်းများရဲ့ သတင်းအချက်အလက်အသေးစိတ်၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တို့ကို ရှင်းလင်းမှာပါ။ ဒါ့အပြင် LG ရဲ့ ဆန်းသစ်တဲ့ နည်းပညာမြင့် စမတ်ဖုန်းများကို မိတ်ဆက်နိုင်ပါတယ်။ Sony ကလည်း ၅.၅ လက်မ 4K Display နဲ့ 4GB RAM ပါတဲ့ Xperia ဖုန်း အသစ်များကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ ကာလရှည်ကြာ စောင့်နေခဲ့ရတဲ့ Xperia X2 ဖြစ်နိုင်ပါတယ်။ Huawei က အမေရိကန်မှာ Honor ဖုန်းကို ရောင်းချခဲ့တဲ့အတွက် ပွဲမှာ Honor ဖုန်းများ မြင်တွေ့ရနိုင်ပါတယ်။ Samsung က ခေါက်ချိုးနိုင်တဲ့ ဖုန်းများနဲ့ မျက်နှာပြင် နည်းပညာအသစ်များကို ပွဲထုတ်နိုင်ပါတယ်။ သတင်းများအရ မျက်နှာပြင် ၂ ဖက်ပါတဲ့ ခေါက်ချိုးနိုင်တဲ့ ဖုန်းကို မိတ်ဆက်မယ်လို့ သိရပါတယ်။ ရေစိုခံပြီး Headphone Jack မပါတဲ့ ဖုန်းများစွာကို မြင်ရနိုင်ပါတယ်။

Virtual Reality
4

ပွဲလာတဲ့ လူတွေကတော့ VR Headset များကို ၀တ်ဆင်မြည်းစမ်းနိုင်မှာပါ။ Qualcomm နဲ့ Lionsgate တို့က ပွဲအတွက် Power Rangers VR ကို ဖန်တီးထားပါတယ်။ ဈေးသက်သာတဲ့ VR Headset များလည်း မြင်ရနိုင်ပါတယ်။ HP, Dell, Lenovo, Asus နဲ့ Acer တို့ကလည်း Windows 10 VR Headset များကို လက်တော့များ၊ ဒတ်စတော့များနဲ့ တွဲဖက် ပြသကြမှာပါ။ Microsoft က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အခြေခံ ဈေးနှုန်း ဒေါ်လာ ၂၉၉ သာ ရှိတဲ့ VR Headset ကို တီထွင်နေတယ်လို့ ပြောခဲ့ပါတယ်။ HTC က Vive 2 ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Drones , Wearables နဲ့ အခြား ထုတ်ကုန်များ

Drone များကလည်း ပွဲမှာ ရေပန်းစား ထုတ်ကုန် ဖြစ်လာမှာပါ။ Parrot Disco ဟာ လူတစ်ယောက် စီးနင်းနိုင်တဲ့ ပထမဆုံး Drone ဖြစ်လာမှာပါ။ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မျိုးစုံရှိတဲ့ Drone များကို မြင်ရနိုင်ပါတယ်။ Samsung နဲ့ Fitbit တို့က ချပ်ဝတ်တန်ဆာ ကွန်ပြူတာများကို မိတ်ဆက်နိုင်ပါတယ်။

လက်တော့ ၊ တက်ဘလက် ၂ မျိုးသုံး Dell XPS 13 ကို မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ ဒါ့အပြင် အနာဂတ် ဒတ်စတော့ မော်ဒယ်ကိုလည်း Dell က မိတ်ဆက်မယ်လို့ ပြောထားပါတယ်။ အလုပ်များစွာ လုပ်နိုင်ပြီး စကရင် ၂ ခုပါတဲ့ Smart Desk PC ကို ပြသဖို့ စီစဉ်ထားပါတယ်။ Lenovo , MSI , HP နဲ့ အခြား ကုမ္ပဏီများရဲ့ နောက်ဆုံးပေါ် ပီစီများကို မြင်ရနိုင်ပါတယ်။ LG က 4K, HDR ပါတဲ့ မော်နီတာများကို ပြသမှာပါ။ မိုးပျံ စပီကာရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုလည်း ပြောပြမှာပါ။ Tone Range Headphone များကိုလည်း မိတ်ဆက်မှာဖြစ်ပါတယ်။

ref : tech radar

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Most from this category