0 Shares 523 Views

၂၀၁၇ ခုနှစ်မှာ ရင်ခုန်စောင့်စားရမယ့် အကောင်းဆုံး ကား ၅ စီး

Jan 01, 2017
0 523

၂၀၁၇ ခုနှစ်မှာလည်း ကားဈေးကွက်က အရှိန်ကောင်းနေဦးမှာ ဖြစ်ပါတယ်။ အီလက်ထရစ်ကားများကလည်း ကားဈေးကွက်ထဲကို တိုးဝင်လာနေကြပါပြီ။ ၂၀၁၇ ခုနှစ်မှာတော့ Hybrid ကားများဟာ အီလက်ထရစ်သီးသန့် ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ ကားများလည်း ပေါ်ထွက်လာကြမှာ ဖြစ်ပါတယ်။ အောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ ရင်ခုန်စောင့်စားရမယ့် အကောင်းဆုံး ကား ၅ စီးကို ဖော်ပြပေးလိုက်ပါတယ်။

Chevrolet Bolt
1
Chevrolet Bolt ဟာ အမြန်ဆုံးနဲ့ အလှဆုံး ကားတစ်စီးတော့ မဟုတ်ပေမယ့် ဈေးသက်သာတဲ့ အီလက်ထရစ်ကားပါ။ အားအပြည့်သွင်းထားရင် မိုင် ၂၀၀ မောင်းနှင်နိုင်ပါတယ်။ Bolt မှာ Apple CarPlay နဲ့ Android Auto ၂ ခုစလုံးကို အသုံးပြုနိုင်ပါတယ်။ ဒေါ်လာ ၃၇၅၀၀ တန်ကြေးရှိပြီး ကယ်လီဖိုးနီးယားနဲ့ အော်ရီဂွန်မှာ စတင် ရောင်းချမှာပါ။ ၂၀၁၇ ခုနှစ်အစောပိုင်းမှာ အမေရိကန် အ၀န်းမှာ ရောင်းချဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်။

Tesla Model 3
2
Tesla ရဲ့ အီလက်ထရစ်ကားများဟာ စွမ်းဆောင်ရည်မြင့်မားပြီး အလိုအလျှောက်မောင်းနှင်တဲ့ စွမ်းဆောင်ချက်များ ပါပါတယ်။ ဒါပေမယ့် ဈေးနှုန်းကြီးမြင့်ပြီး ဒေါ်လာ သိန်းဂဏန်းလောက် ပေးရပါတယ်။ အခုတော့ Tesla Model 3 က ဒါကို ပြောင်းလဲတော့မှာပါ။ Model 3 ဟာ ဒေါ်လာ ၃၅၀၀၀ သာ တန်ကြေးရှိပြီး မိုင် ၂၀၀ မောင်းနှင်နိုင်ပါတယ်။ ၆ စက္ကန့်အတွင်းမှာ ၀ ကနေ ၆၀ မိုင်အထိ အရှိန်မြှင့်နိုင်ပါတယ်။ Tesla ရဲ့ Autopilot လို့ခေါ်တဲ့ အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာပါပါတယ်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Honda Civic Type R
3
၂၀၁၆ ခုနှစ် ပဲရစ် ကားပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ Honda Civic Type R ဟာ ဒီဇိုင်းလှပတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ ဘေးဘက်မှ ကာဘွန်ဖိုက်ဘာ စကတ်များကလည်း ဆန်းသစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပေမယ့် စက်သံ ငြိမ်သက်ပါတယ်။ ရှေ့ဘီးမောင်းနှင်တဲ့ ကားဖြစ်မယ်လို့ ထင်ရပါတယ်။ ၂၀၁၇ ခုနှစ် ဆောင်းရာသီမှာ ဥရောပတွင် စတင် ရောင်းချမယ်လို့ ထင်ရပါတယ်။ အမေရိကန်မှာတော့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းရောက်မှ ရောင်းချမှာပါ။ ဒေါ်လာ ၄၀၀၀၀ တန်ကြေးရှိပါတယ်။

Renault Alpine A120
4
Renault ရဲ့ စွမ်းဆောင်ရည်မြင့် Sports Car ဖြစ်ပြီး ၁၉၇၀ ခုနှစ် ကမ္ဘာ့ကားမောင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ Alpine A110 နဲ့ ဒီဇိုင်းဆင်တူပါတယ်။ ၄.၅ စက္ကန့်အတွင်းမှာ ၀ ကနေ ၆၀ မိုင်အထိ အရှိန်မြှင့်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အခြေခံ မော်ဒယ်မှာ ဒေါ်လာ ၆၀၀၀၀ ဖြစ်ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းမှာ စတင် ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Lexus LC500
5
Lexus ရဲ့ နောက်ဘီးမောင်းနှင်တဲ့ Sports Car ဖြစ်ပြီး Unibody Design ဖြစ်ပါတယ်။ LC500 အတွက် ကုမ္ပဏီရဲ့ အင်ဂျင်ရွေးချယ်မှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကားထုတ်လုပ်သူများက Turbocharging ကို ရွေးချယ်ကြပေမယ့် Lexus ကတော့ RC F မှ V8 ကိုပဲ ရွေးချယ်ထားပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့် ဒေါ်လာ သိန်းဂဏန်းလောက် ပေးရမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : tech radar

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares14 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares18 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category