0 Shares 174 Views

Foxconn က ၀န်ထမ်းများအစား စက်ရုပ်များကို သုံးမည်

Jan 01, 2017
0 174

Apple ရဲ့ iPhone နဲ့ နာမည်ကြီး အီလက်ထရောနစ် ပစ္စည်းများရဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် အခြေစိုက် Foxconn က သူ့ရဲ့ ၀န်ထမ်းအားလုံးနီးပါးကို စက်ရုပ်များနဲ့ အစားထိုးတော့မှာ ဖြစ်တယ်လို့ DigiTimes က ရေးသားထားပါတယ်။ Foxconn ရဲ့ စက်ရုပ်ဌာနမှ အထွေထွေမန်နေဂျာ Dai Jia-peng က Foxbots လို့ အမည်ပေးထားတဲ့ စက်ရုပ်များကို စက်ရုံများမှာ အသုံးပြုမှာဖြစ်ပြီး စီမံကိန်း အဆင့်သုံးဆင့်ရှိတယ်လို့ ပြောပါတယ်။

ပထမအဆင့်အနေနဲ့ လူသားများအတွက် အန္တရာယ်ရှိပြီး ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်များအား စက်ရုပ်များထံ လွှဲပေးမှာဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ စက်ရုပ်များရဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ပြီး စက်ရုပ်အရေအတွက်ကို လျှော့ချဖို့ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ စက်ရုံတစ်ခုလုံးကို စက်ရုပ်များဖြင့် လည်ပတ်မှာပါ။

Foxconn က ၀န်ထမ်းများအား အစားထိုးဖို့ တစ်နှစ်လျှင် Foxbots စက်ရုပ် ၁၀ ၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီလို့ သိရပြီး စက်ရုံတစ်ခုမှ အလုပ်ပေါင်း ၆၀ ၀၀၀ ကို စက်ရုပ်များအား ခိုင်းစေထားပါတယ်။ ရေရှည်မှာတော့ စက်ရုပ်များဟာ လူသားများထက် ကုန်ကျစားရိတ်သက်သာပါတယ်။ ဒါပေမယ့် ကနဦး ရင်းနှီးမြှပ်နှံမှု စားရိတ်မှာ ကြီးမားပါတယ်။

ref : the verge

You may be interested

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ

Ko Thuya - Sep 26, 2018

Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
26 shares10 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
38 shares57 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

Most from this category