Restart

တစ်နေ့မှာ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာနှင့် ကွန်ပျူတာအင်ဂျင်နီယာတို့ ကားတစ်စီးနှင့်ခရီးထွက်လာကြတယ်။ အဲ့ဒီအချိန် ကားပျက်သွားတော့ အားလုံးကတစ်ယောက်တစ်ပေါက်နဲ့ ပြောကြတယ်။

စက်မှုအင်ဂျင်နီယာက”ကားက လေးကျိုးသွားတယ်ထင်တယ်” လို့ပြောတော့ ဓာတုအင်ဂျင်နီယာက “ငါတော့အဲ့လိုမထင်ဘူး၊ ကားကဖွတ်ချက်ဖွတ်ချက်မြည်ပြီး ထိုးရပ်သွားတော့ ဆီကုန်သွားတယ်ထင်တယ်”

လျှပ်စစ်အင်ဂျင်နီယာကလည်း အားကျမခံ”ငါကတော့ စက်ကမီးပွင့်သွားတယ်ထင်တာပဲ၊ လျှပ်စစ်စနစ်က တစ်ခုခုပျက်သွားလို့ ရပ်သွားတယ်ထင်တာပဲ” ၊ အားလုံးကထင်ချက်ပေးပြီးငြိမ်နေတဲ့ ကွန်ပျူတာအင်ဂျင်နီယာကို “မင်းရောဘယ်လိုထင်လဲ?” လို့မေးလိုက်တယ်။

ကွန်ပျူတာအင်ဂျင်နီယာကလည်းသေချာတွေးပြီး “ငါကတော့ ငါတို့အားလုံး ပြန်ဆင်းပြီး ပြန်တက်ကြည့်သင့်တယ်ထင်တာပဲ”

restart the computer

Ref: UniJokes.com

%d bloggers like this: