0 Shares 1980 Views

Xiaomi ရဲ့ Redmi Note 4X လာမည်

Dec 31, 2016
0 1980

Xiaomi Redmi Note 4 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ရောင်းချတော့မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အဆိုပါ စမတ်ဖုန်းကို Xiaomi Redmi Note 4X လို့ အမည်ပေးထားမှာ ဖြစ်ပြီး RAM အပိုင်းမှာ ယခင်မျိုးဆက်ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ Redmi Note 4X ဟာ ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။

Redmi Note 4X မှာ Helio X20 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ အချို့သတင်းများအရ Qualcomm Snapdragon 653 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းထားပြီး Internal Storage မှာ 64GB ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် 32GB Storage Model ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

Redmi Note 4X မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး 2.5D Dual-Curved Glass ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 MP Camera တပ်ဆင်ထားပြီး PDAF နည်းပညာပါရှိပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Android Marshmallow အခြေပြု MIUI8 ထည့်သွင်းထားမှာပါ။ Xiaomi ကတော့ အဆိုပါဖုန်းသတင်းကို တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။

ref : gsm arena

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category