0 Shares 123 Views

သင့်ရဲ့ စိတ်ကို ဖတ်နိုင်တဲ့ စမတ်ကီးဘုတ်

Dec 31, 2016
0 123

Apple က ၂၀၁၄ ခုနှစ်မှာ iOS 8 နဲ့အတူ Third-Party Keyboard များကို အသုံးပြုနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါပေမယ့် Keymochi စမတ်ကီးဘုတ်လို ကီးဘုတ်မျိုးကိုတော့ ဘယ်သူမှ မတီထွင်နိုင်သေးပါဘူး။ Cornell နည်းပညာကျောင်းသား ၃ ဦး ကတီထွင်ထားတာ ဖြစ်ပြီး ကီးဘုတ်က ရိုက်ထည့်လိုက်တဲ့ ဒေတာများအပေါ် ခွဲခြမ်းစိတ်ဖြာပြီး အသုံးပြုသူရဲ့ စိတ်ကို ဖတ်နိုင်ပါတယ်။

စာရိုက်တဲ့ အမြန်နှုန်း၊ Punctuation အသုံးပြုမှု၊ Smartphone Motion Data ကနေ ကောက်ယူတဲ့ အသုံးပြုသူရဲ့ လှုပ်ရှားမှု၊ စာရိုက်တဲ့ အချိန်၊ မှားရိုက်လို့ ဖျက်တဲ့ အကြိမ် စတဲ့ ဒေတာများကို ကောက်ယူပြီး Machine Learning Software ထဲကို ထည့်သွင်းပါတယ်။ အဲဒီနောက်မှာ အသုံးပြုသူရဲ့ စိတ်ခံစားမှုကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။ စမတ်ကီးဘုတ်ရဲ့ တွက်ချက်မှုဟာ ၈၂ ရာခိုင်နှုန်း မှန်ကန်ပါတယ်။

လက်ရှိမှာ Keymochi App ကို အသုံးပြုလို့ မရသေးဘဲ Open-Source အဖြစ် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြား Developer များက သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ “ လာမယ့် Semester မှာ လက်တော့ အသုံးပြုသူတွေရဲ့ စိတ်ခံစားမှုများကို တွက်ချက်ပြီး သင့်တော်တဲ့ အလုပ်များကို အကြံပြုပေးတဲ့ Productivity App တစ်ခုကို ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။

Ref : digital trends

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category