0 Shares 5089 Views

၂၀၁၇ ခုနှစ်မှာ စောင့်ကြည့်ရမယ့် အထင်ကရ နည်းပညာ ၁၀ ခု

Jan 01, 2017
0 5089

၂၀၁၇ ခုနှစ်ကတော့ နည်းပညာနယ်ပယ်မှာ ထွန်းတောက်လာမယ့် နှစ်ပါ။ ဂိမ်းစက်အသစ်တွေ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အောင်မြင်ခဲ့တဲ့ ထုတ်ကုန် Series တွေနဲ့ အခြားရင်ခုန်စိတ်လှုပ်ရှားစရာ နည်းပညာမြင့် ထုတ်ကုန်များစွာကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၂၀၁၇ ခုနှစ်မှာ စောင့်ကြည့်ရမယ့် အထင်ကရ နည်းပညာ ၁၀ ကို ရေးသားပေးလိုက်ပါတယ်။

၁။ iPhone 8
%e1%81%81

Apple က ၂၀၁၇ မှာ ထုတ်မယ့် ဖုန်းကို iPhone 7S သို့မဟုတ် iPhone 8 လို့ အမည်ပေးမလား မသိရသေးပါဘူး။ ဒါပေမယ့် စက်တင်ဘာလမှာ မိတ်ဆက်မယ့် ဖုန်းဟာ အထင်ကရနည်းပညာ ဖြစ်လာမှာပါ။ iPhone ထုတ်လုပ်တဲ့ ၁၀ နှစ်သက်တမ်းလည်း ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ iPhone အသစ်မှာ Design, Specs နဲ့ Features များ အားလုံးကို ဆန်းသစ်ထားမှာပါ။ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး Home Button နဲ့ မျက်နှာပြင်ဘေးဘောင်များ ဖယ်ရှားထားမှာပါ။ AR နဲ့ ကြိုးမဲ့အားသွင်းစနစ်တောင် ပါလာနိုင်ပါတယ်။

၂။ Nintendo Switch
%e1%81%82

Nintendo ရဲ့ နောက်ထုတ်မယ့် ဂိမ်းစက်ဟာ ထူးခြားဆန်းသစ်ပါတယ်။ လက်ကိုင်ဂိမ်းစက်လို ကစားနိုင်သလို တီဗီနဲ့ တွဲဖက် ကစားလို့လည်း ရပါတယ်။ အဲဒီအတွက် အိမ်မှာ ကစားနိုင်သလို သွားလေရာ ယူဆောင် ကစားနိုင်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ ဒေါ်လာ ၂၄၉ တန်ကြေးရှိနိုင်ပါတယ်။ မတ်လမှာ မိတ်ဆက်မှာပါ။

၃။ Surface Pro 5
%e1%81%83

Microsoft ရဲ့ လက်တော့၊ တက်ဘလက် ၂ မျိုးသုံး ပီစီ ဖြစ်တဲ့ Surface Series များရဲ့ အောင်မြင်မှုကြောင့် အခြားထုတ်လုပ်သူများကလည်း ၂ မျိုးသုံး ပီစီများကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ ၂၀၁၇ မှာ Microsoft ရဲ့ ပဌ္စမမျိုးဆက် Surface Pro ကို မိတ်ဆက်မှာပါ။ Surface Pro 5 မှာ ပိုမိုကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်၊ ပိုမို အသုံးခံတဲ့ ဘက်ထရီနဲ့ USB-C တို့ ပါလာနိုင်ပါတယ်။

၎။ Samsung Galaxy S8
%e1%81%84

Samsung က ဖေဖော်ဝါရီမှာ ကျင်းပမယ့် Mobile World Congress မှာ Galaxy S8 Model ၂ ခုကို မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ ၂ မျိုးလုံးမှာ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး အရွယ်ကြီး မော်ဒယ်ရဲ့ မျက်နှာပြင်ဟာ 4K ဖြစ်နိုင်ပါတယ်။ ဖုန်းဒီဇိုင်းကလည်း S7 ထက်ကောင်းလာမှာပါ။ ကင်မရာနဲ့ ပရော်ဆက်ဆာတို့ကိုလည်း အဆင့်မြှင့်ထားမှာပါ။

၅။ ဈေးသက်သာတဲ့ VR Headset များ
%e1%81%85

၂၀၁၆ မှာ Virtual Reality(VR) ၀င်ရောက်လာခဲ့ပြီး ၂၀၁၇ မှာတော့ ဈေးသက်သာလာမှာပါ။ Acer, Asus, Dell, HP နဲ့ Lenovo တို့ရဲ့ Windows 10 VR Headset များ ထွက်လာနိုင်ပါတယ်။ ဒေါ်လာ ၂၉၉ လောက်နဲ့ ရောင်းချကြမှာ ဖြစ်ပြီး လက်ရှိ ဒေါ်လာ ၆၀၀ နဲ့ ၈၀၀ တန် Oculus Rift နဲ့ HTC Vive တို့ထက် အများကြီး သက်သာမှာပါ။

၆။ VR Content များ ပေါများလာမည်။
%e1%81%86

VR ဟာ ဂိမ်းကစားဖို့သာ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ ရုပ်ရှင်၊ တီဗီရှိုး၊ ၀တ္ထု၊ ကာတွန်း၊ အားကစား စတဲ့ စတဲ့ အရာတွေကို VR ဖြင့် ခံစားနိုင်တော့မှာပါ။ မီဒီယာ၊ ရုပ်ရှင် ဒါရိုက်တာ၊ ဂျာနယ်လစ်နဲ့ Software Developer များက VR Content များကို ဖန်တီးကြတော့မှာ ဖြစ်ပါတယ်။

၇။ Wearables ရဲ့ ကံကြမ္မာ
%e1%81%87

၂၀၁၆ မှာတော့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေ ရောင်းအားကျခဲ့ပြီး ထိပ်တန်းထုတ်လုပ်သူတွေတောင် စီးရီးအသစ်များ ထုတ်လုပ်တာကို ရပ်နားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ မျှော်လင့်ချက်ရှိပါသေးတယ်။ ထုတ်လုပ်သူများက ဖက်ရှင်ကျပြီး အသုံးဝင်မယ့် Wearables များကို တီထွင်လာမယ်ဆိုရင်တော့ ၂၀၁၇ ဟာ စမတ်နာရီနဲ့ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ ကိရိယာများ တစ်ကျော့ပြန် ဦးမော့လာမှာပါ။

၈။ စမတ်နေအိမ် ကိရိယာများ
%e1%81%88

၂၀၁၆ မှာ Google Home နဲ့ Amazon Echo စမတ်စပီကာတွေ ပေါ်ထွက်ခဲ့ပါတယ်။ Microsoft ကလည်း ၂၀၁၇ မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကို IOT Device များမှာ ထည့်သွင်းဖို့ ကြေညာပြီးပါပြီ။ Apple ကလည်း စမတ်စပီကာတစ်ခုကို ဖန်တီးနေပြီး စပီကာက လူ့စိတ်ခံစားမှုကိုတောင် နားလည်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ဟာ စမတ်နေအိမ် ကိရိယာများ ထွန်းတောက်လာမယ့် နှစ်ဖြစ်မှာပါ။

၉။ Microsoft Project Scorpio
%e1%81%89

Project Scorpio ဟာ Microsoft နောက်ထုတ်မယ့် Xbox ဂိမ်းစက်ရဲ့ လျှို့ဝှက် အမည် ဖြစ်ပါတယ်။ 4K , HDR နဲ့ စွမ်းရည်မြင့် VR Content များကို ထောက်ပံ့ပေးနိုင်ပါတယ်။ Xbox ရဲ့ အကြီးအကဲ Phil Spencer က အလွန် စွမ်းရည်မြင့်မားတဲ့ စက်ကို ဂိမ်းစက်ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ပြောပါတယ်။

၁၀။ Augmented Reality
%e1%81%81%e1%81%80

၂၀၁၆ မှာတော့ AR Game ဖြစ်တဲ့ Pokemon Go ဟာ အကြီးအကျယ် ပေါက်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုကြောင့် Game နဲ့ App ဖန်တီးသူများက ၂၀၁၇ မှာ AR ကို အာရုံစိုက်လာကြမှာပါ။ ချပ်ဝတ်တန်ဆာကွန်ပြူတာများမှာတောင် ဒီနည်းပညာ ပါလာနိုင်ပါတယ်။ ၂၀၁၆ မှာ Google Tango AR နည်းပညာပါတဲ့ ပထမဆုံး စမတ်ဖုန်းအဖြစ် Lenovo Phab 2 Pro ကို မိတ်ဆက်ပြီးပါပြီ။ ၂၀၁၇ မှာ အရွယ်သေး Device များအပါအ၀င် AR Phone များထွက်လာမှာပါ။ Microsoft က AR နယ်ပယ်မှာ ရှေ့ပြေးနေပြီး HoloLens နဲ့ Windows Holographic OS တို့ကို ထုတ်လုပ်ထားပါတယ်။ ၂၀၁၇ မေလမှာ ကျင်းပမယ့် Build 2017 မှာ တန်ဖိုးနည်း HoloLens ကို Microsoft က မိတ်ဆက်နိုင်ပါတယ်။ Apple ကလည်း VR ထက် AR ကို ပိုစိတ်ဝင်စားနေပါတယ်။

Ref : tech radar

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
655 shares148 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
138 shares56 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Most from this category