0 Shares 58 Views

ကလေးများ လုံခြုံစွာ အင်တာနက် သုံးနိုင်မယ့် Memoo

Dec 30, 2016
0 58

ကလေးငယ်များက မိဘများအား စမတ်ဖုန်း ပူစာတတ်ကြပြီး မိဘများက လုံခြုံရေးနဲ့ မသင့်တော်တဲ့ ၀က်ဆိုက်များ ကြည့်မှာ စိုးတဲ့အတွက် ၀ယ်ပေးဖို့ ငြင်းဆန်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ C-Way က Memoo လို့ အမည်ပေးထားတဲ့ Smart Hub ကို တီထွင်လိုက်ပါတယ်။ Memoo ဟာ ကလေးများအတွက် ဖျော်ဖြေပေးနိုင်သလို မိဘများနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။ လုံခြုံစိတ်ချစွာ သင့်ကလေးငယ်ကို အင်တာနက် အသုံးပြုခွင့်ပေးနိုင်မှာပါ။

မိဘများက သင့်ကလေးအတွက် ကြည့်ရှုနိုင်မယ့် ၀က်ဆိုက်များကို သတ်မှတ်ထားနိုင်ပါတယ်။ Memoo မှာ မိုက်ကရိုဖုန်းပါပြီး အသံဖြင့် ခိုင်းစေနိုင်သလို စပီကာပါတဲ့အတွက် ပုံပြင်ပြောပြခြင်း၊ သီချင်းဖွင့်ပေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ အရောင်စုံ ထုတ်လုပ်ပေးထားပြီး ထိတွေ့မျက်နှာပြင် ၂ ခု ပါပါတယ်။ မိဘများနဲ့ ကလေးကြားမှာ စာအပြန်အလှန်ပေးပို့နိုင်ပြီး ဖုန်းပြောနိုင်ပါတယ်။ Memoo ကို အကြမ်းခံနိုင်အောင် ပုံစံထုတ်ထားပါတယ်။

Memoo ကို မိဘများက စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ ကလေးငယ် ဆက်သွယ်နိုင်မယ့် မိသားစုဝင်များကို မိဘများက သတ်မှတ်နိုင်ပါတယ်။ ရေဒီယိုနဲ့ Spotify Playlist များကိုလည်း ကလေးငယ်အား ဖွင့်ပြနိုင်ပါတယ်။ Reminder နဲ့ Notification များကိုလည်း မိဘများက ကလေးထံ ပေးပို့နိုင်ပါတယ်။

မိဘများ ခရီးသွားတဲ့ အခါ ကလေးငယ်အား ပြောပြချင်တဲ့ ပုံပြင်များကို Memoo မှာ အသံဖမ်းယူထားနိုင်ပါတယ်။ Memoo မှာ အပူချိန်၊ ရာသီဥတု အခြေအနေ၊ နာရီ၊ ကလင်ဒါများကိုလည်း ပြသထားပါတယ်။

ref : digital trends

You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Android, FEATURES, HUBS
73 shares9 views

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter

Ko Thuya - Apr 26, 2018

သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Apple, NEWS
144 shares36 views

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple

Nwe Oo Thant - Apr 26, 2018

[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ  iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Android, FEATURES, Huawei
156 shares38 views

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်

Ko Thuya - Apr 26, 2018

Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…

Most from this category