0 Shares 125 Views

Android User တွေ Super Mario Run ဆော့ဖို့ pre-register လုပ်ထားနိုင်ပြီ

Dec 30, 2016
0 125

Pokemon Go တုန်းကထက် ပိုမိုရေပန်းစားပြီး လူကြိုက်များလျက်ရှိနေတဲ့ Super Mario Run ကို မကြာခင်မှာ Android အတွက် ထုတ်လုပ်ပေးတော့မှာဖြစ်ပြီး ထွက်ရှိတာနဲ့ ချက်ချင်း ရယူနိုင်စေဖို့ Google Play Store ပေါ်မှာ pre-register ပြုလုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

App ရဲ့ App Store ပေါ်မှာ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပြီး (၂) ပတ်အတွင်းမှာတင် Download ပြုလုပ်သူ အရေအတွက် သန်း (၅ဝ) ကျော်ခဲ့တဲ့ Super Mario Run ကို အခုလို Android အတွက်ပါ ထပ်မံ ထုတ်လုပ်ပေးတော့မှာဖြစ်တဲ့အတွက် Nitendo ရဲ့ ဥက္ကဌဖြစ်သူ Kimishima ရဲ့ Target တစ်ခုဖြစ်တဲ့ Download ပြုလုပ်သူ သန်း(၁၀၀) ဆိုတဲ့ မိုင်တိုင်တစ်ခုကို သေချာပေါက်စိုက်ထူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Android အတွက်ထွက်ရှိလာမယ့် Super Mario Run ဟာလည်း iOS Version နဲ့ ရုပ်ထွက်ရော ပုံစံပါ အတူတူဖြစ်ပြီး iOS version မှာလိုမျိုး အင်တာနက်ဖွင့်ကာ ဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် iOS Version လိုမျိုး  အခမဲ့ Download ရယူကာဆော့ကစားနိုင်ပေမယ့် Six Worlds ကို Unlock ပြုလုပ်ဖို့အတွက်တော့ ဝယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။

https://play.google.com/store/apps/details?id=com.nintendo.zara

Ref: TechRadar

You may be interested

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ
Mobiles & Tablets, NEWS
0 shares0 views

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

Ko Thuya - Oct 22, 2017

လူကြီးဖျော်ဖြေရေး ၀က်ဆိုက်များဟာ Virtual Reality လို အဆင့်မြင့် နည်းပညာများကို အသုံးပြုနေကြပါတယ်။ အခုလည်း နာမည်ကျော် အပြာဝက်ဆိုက် Brazzers က Porn ကြည့်ဖို့ အထူးဖန်တီးထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းကို Brazzers Peach လို့…

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်
Apple, HUBS, Mobiles & Tablets
265 shares45 views

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်

Ko Thuya - Oct 22, 2017

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပေမယ့် အလုံအလောက် ရောင်းချနိုင်ခြင်း…

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး
Google, HUBS, NEWS
83 shares2 views

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး

Ko Thuya - Oct 22, 2017

Google က အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံကနေ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Google က ကျွန်းရဲ့ ဧရိယာအချို့ကို အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် AT&T နဲ့ ပူးပေါင်းလိုက်ပြီလို့ ပြီးခဲ့တဲ့…

Most from this category