0 Shares 80 Views

တရုတ်က ၂၀၂၀ ခုနှစ်မှာ အင်္ဂါဂြိုလ်သို့ စူးစမ်းလေ့လာရေး ယာဉ် စေလွှတ်မည်

Dec 30, 2016
0 80

တရုတ် အာဏာပိုင်များက ၂၀၂၀ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် အင်္ဂါဂြိုလ်သို့ စူးစမ်းလေ့လာရေး စက်ရုပ်ကို စေလွှတ်မယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာလည်း လကမ္ဘာရဲ့ အဝေးဆုံး တည်နေရာသို့လည်း အလားတူ စက်ရုပ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။

တရုတ် အာကာသယာဉ်မှူး ၂ ဦးဟာ တရုတ်ရဲ့ Tiangong 2 အာကာသစခန်းမှာ ရက်ပေါင်း ၃၀ ကြာ အောင်မြင်စွာ နေထိုင်နိုင်ခဲ့ပြီး လအနည်းငယ်အကြာမှာ ဒီစီမံကိန်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီစံချိန်ဟာ တရုတ်အာကာသယာဉ်မှူးများ အနေဖြင့် အာကာသမှာ အချိန်အကြာဆုံး နေထိုင်နိုင်တဲ့ စံချိန်ဖြစ်ပါတယ်။

တရုတ်ရဲ့ အာကာသ စူပါပါဝါကို တည်ဆောက်ဖို့အတွက် ရည်ရွယ်တယ်လို့ အာဏာပိုင်များက ပြောပါတယ်။ ယခုနှစ်အစောပိုင်းမှာ တရုတ်ဟာ အာကာသစခန်း Tiangong 1 ကို ထိန်းချုပ်မှု ပြတ်တောက်သွားခဲ့ပါတယ်။ Tiangong 2 ကို အောင်မြင်စွာ အာကာသထဲ ပို့ဆောင်ပြီးနောက်မှာ တရုတ်ဟာ အာကာသသို့ လူများကို အောင်မြင်စွာ စေလွှတ်နိုင်ခဲ့တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ တရုတ်ဟာ စစ်တပ်လျှို့ဝှက်သတင်းများ ပေါက်ကြားမှာ စိုးရိမ်တဲ့အတွက် နိုင်ငံတကာ အာကာသစခန်းကို အသုံးပြုခြင်း မရှိပါဘူး။

တရုတ်က လကမ္ဘာနဲ့ အင်္ဂါဂြိုလ်မှ ဒြပ်ထု နမူနာများကို စက်ရုပ်ဖြင့် ကမ္ဘာမြေသို့ ယူဆောင်လာမှာ ဖြစ်ပြီး သုတေသနပြုလုပ်ကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီမံကိန်းဟာ အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်မှာ အမေရိကန်နဲ့ ရုရှားကို ပြိုင်ဆိုင်ဖို့ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများက လကမ္ဘာသို့ စူးစမ်းလေ့လာရေး စက်ရုပ် စေလွှတ်တာဟာ အနာဂတ်မှာ အာကာသယာဉ်မှူးများအား စေလွှတ်ဖို့အတွက် ပထမခြေလှမ်းလို့ သုံးသပ်ပါတယ်။

Ref : science alert

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Most from this category