0 Shares 15 Views

အိတ်ကပ်ထဲထည့်သယ်သွားနိုင်တဲ့ ကင်မရာငယ် (သို့) Canon ရဲ့ PowerShot G9 X ကို လေ့လာသုံးသပ်ခြင်း

Jan 30, 2016
0 15

CSC အဆင့်ရှိတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး သင့် အိတ်ကပ်ထဲ အလွယ်တကူ ထည့်သယ်သွားနိုင်မယ့် ဖန်စီ ကင်မရာ မျိုးတွေ့ဖူးပါသလား။ အရင်တုန်းကတော့ Sony အမှတ်တံဆိပ် RX100 စီးရီး ကင်မရာတွေရှိခဲ့သလို Canon ကလည်း မတူညီတဲ့ ပုံစံမျိုးတွေနဲ့ ကင်မရာ အသေးစားလေး တစ်ခု ကို ထုတ်လုပ်ခြဲ့ပန်ပါတယ်။ Canon အမှတ်တံဆိပ် Powershot G9 X ဟာ စတိုင်လ်ကျပြီး တစ် လက်မသာရှိတဲ့ ဆင်ဆာကိုထည့်သွင်းထားပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၅၃၀ ခန့်သာကျသင့်မှာဖြစ်တာကြောင့် Sony ရဲ့ RX100 IV ဈေးနှုန်းရဲ့ထက်ဝက်ခန့်သာရှိပါတယ်။

g9x-4

ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်များ

PowerShot G9 X ရဲ့ ဒီဇိုင်းဟာ Canon ရဲ့ Powershot S120 နဲ့ဆင်တူပါတယ်။ ဒါပေမယ့် PowerShot S120 ကတော့ 1/1.7 ဆင်ဆာကို သုံးထား တာခြင်းပဲ ကွာသွားပါတယ်။ အထူကတော့ ၃၁ မီလီတာရှိပြီး Sony ရဲ့RX100 IV ထက်ပင် ၁၀ မီလီမီတာ ခန့် ပါးလွှာနေပါသေးတယ်။ Powershot G9 X ကိုတော့ အရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ တစ်မျိုးကတော့ ငွေရောင်နဲ့ အညိုရောင်တွဲဖက်ဖြစ်ပြီး နောက်တစ်မျိုးကတော့ အနက်ရောင်ပါ။

အားနည်းချက်ဖြစ်လာခဲ့တာကတော့ PowerShot G9 X ဟာသေးငယ်တာကြောင့် ကင်မရာရဲ့ အနောက်ဘက်အခြမ်းမှာ D-Pad (သို့) Viewfinder ပါဝင်လာခြင်းမရှိတော့ပါဘူး။ သေးငယ်တဲ့ Touchscreen ပြသမှုတစ်ခုသာ ပါဝင်လာပါတယ်။ ဒါပေမယ့် Touch စနစ်နဲ့ ခိုင်းစေခွင့်နည်းပါးတာကြောင့် လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ရခက်တယ်လို့တော့မထင်ပါနဲ့။ PowerShot G9 X ရဲ့ မှန်ဘီလူး ပတ်လည်နဲ့ အပေါ်ဘက်မှာတော့ ရှေးဟောင်းကင်မရာတွေလို Manual ထိန်းချုပ်ရတဲ့ ခလုတ်တွေများစွာပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီကင်မရာရဲ့ ဒီဇိုင်းကို ရှေးဟောင်း ကင်မရာတစ်လုံးရဲ့ ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

g9-x-1

မှန်ဘီလူးနဲ့ ဓါတ်ပုံအရည်အသွေး

28-84mm မှန်ဘီလူးတွေဟာ အမြင့်ဆုံး Aperture ကို f/2-f/4.9 အထိ သတ်မှတ်ခွင့်ပေးထားပါတယ်။ အခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ပြပါဆိုရင်တော့ PowerShot G9 X ဟာ တစ်စက္ကန့်ကို ၆ ဖရိန်(6fps) အထိ ရိုက်ကူးနိုင်ပြီး Autofocus နဲ့ဆိုရင်တော့ တစ်စက္ကန့်ကို ၄.၃ ဖရိန် (4.3fps) အထိ ရိုက်ကူးနိုင်ပါတယ်။ ပိုကောင်းတာက WiFi နဲ့ NFC စနစ်တွေကို အသုံးပြုနိုင်ခြင်းပါပဲ။

မှန်ဘီလူး အရည်အသွေးဟာလည်း 28-84မီလီမီတာ အထိ အများဆုံး Zoom ဆွဲနိုင်မှာဖြစ်တဲ့အတွက် 4x Zoom သာရခဲ့တဲ့ Canon ရဲ့ အရင် PowerShot G7 X ထက်တော့ များစွာကောင်းမွန်လာပါတယ်။ ဓါတ်ပုံအရည်အသွေးပိုင်းကိုပြောရမယ်ဆိုရင်တော့ PowerShot G9 X ဟာ Raw ဖိုင်အမျိုးအစားနဲ့ ရိုက်ကူးမယ်ဆိုရင် လုပ်ဆောင်ချက်တွေနှေးကွေးသွားပါတယ်။ ဒါဟာ အဓိက အားနည်းချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Raw ဖိုင်တွေကို ရိုက်ကူးမယ်ဆိုရင်တော့ PowerShot G9 X ကို ငြင်းပယ်သင့်ပါတယ်။

9x-5

ချုံငုံသုံးသပ်ခြင်း

ချုံငုံသုံးသပ်ရမယ်ဆိုရင်တော့ PowerShot G9 X ဟာ ၁ လက်မ ဆင်ဆာကို သုံးထားပြီး မှန်ဘီလူးကို ထိန်းချုပ်နိုင်တဲ့ ခလုတ်တဲ့ပါဝင်တာကြောင့် အားသာချက်တွေရှိနေပါတယ်။ ဒါ့အပြင် ကင်မရာအသေးစားဖြစ်ပေမယ့် Touch စနစ်နဲ့သုံးနိုင်တဲ့ LCD မျက်နှာပြင်ကိုထည့်သွင်းထားသလို WiFi ၊ NFC တို့အသုံးပြုနိုင်ခြင်းဟာ ယနေ့ခေတ် ဓါတ်ပုံအပျော်တမ်းရိုက်ကူးသူတွေအတွက် အသုံးဝင်မှာသေချာပါတယ်။ အားနည်းချက်တွေကတော့ Zoom ပမာဏ ကန့်သတ်ထားတာပါ။ မှန်ဘီလူးလည်း လဲပြီး သုံးလို့မရတဲ့အတွက် သတ်မှတ် ပမာဏထက်ပိုမရနိုင်ပါဘူး။ ပြီးတော့ Raw ဖိုင်တွေရိုက်ကူးတဲ့အခါမှာ လုပ်ဆောင်ချက်တွေနှေးကွေးသွားခြင်းက ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ ငြင်းပယ်ချင်စရာ အားနည်းချက် တစ်ခုဖြစ်လာခဲ့ပါတယ်။

g9x-6

Ref : PC Mag ၊ Trusted Review ၊ Tech Radar

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category