0 Shares 225 Views

၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Gaming Hardware များ

Jan 01, 2017
0 225

HTC Vive ဟာ Virtual Reality နည်းပညာဖြင့် အကောင်းဆုံး ဂိမ်းကစားတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်တယ်ဆိုတာ သက်သေပြပြီးပါပြီ။ သူ့ရဲ့ Job Simulator ဟာ ဈေးဆိုင်တစ်ခုထဲမှာ တကယ် အလုပ်လုပ်နေတဲ့ အတွေ့အကြုံကို သင်ကြားပေးပါတယ်။ ဒါဟာ လက်တွေ့ဘ၀မှာထက် အဆ ၁၀၀၀ ပိုပျော်စရာကောင်းပါတယ်။ Sony ကလည်း PlayStation 4 ဂိမ်းစက်များဖြင့် စတိုင်ကျတဲ့ ဂိမ်းစက်များကို အောင်မြင်စွာ ထုတ်လုပ်ရောင်းချနေပါတယ်။ Xbox One S ဖြင့် Microsoft ကလည်း ၂၀၁၆ ခုနှစ် ဂိမ်းစက်လောကကို ပြန်လည် အုပ်စိုးလာပါတယ်။ HTC Vive ထက် ဈေးတစ်ဝက်လောက် သက်သာတဲ့ PlayStation VR က Virtual Reality နည်းပညာကို မြည်းစမ်းချင်သူများအတွက် သင့်တော်ပါတယ်။ ၂၀၁၆ ခုနှစ်ထွက် Gaming Hardware များကို ရွေးချယ်ဝယ်ယူချင်သူများအတွက် အကောင်းဆုံးများကို ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

HTC Vive
1

HTC Vive ဟာ အဖက်ဖက်က ပြည့်စုံတဲ့ Gaming Hardware တစ်ခုပါ။ ဈေးကွက်ထဲက အကောင်းဆုံး VR Headset လည်း ဖြစ်ပါတယ်။ အခန်းတစ်ခုထဲမှာ Virtual Reality နည်းပညာကို အကောင်းဆုံး မြည်းစမ်းနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ အပိုင်းမှာ ပြိုင်ဖက်များထက် သာလွန်နေပါတယ်။ Controller များကလည်း အံ့မခန်းကောင်းမွန်ပါတယ်။ ဂိမ်းများကလည်း များစွာ ပေါ်ထွက်လာဦးမှာပါ။

စွမ်းဆောင်ရည်ကောင်းမွန်ပေမယ့် ဒေါ်လာ ၈၀၀ က ဈေးကြီးပါတယ်။ ဒါ့အပြင် တွဲဖက် အသုံးပြုတဲ့ Hardware အပေါ်မူတည်ပြီး စွမ်းရည် ကွဲပြားပါတယ်။

HTC Vive ဟာ အံ့မခန်းစွမ်းဆောင်ရည်မြင့်မားပြီး အတွေ့အကြုံအသစ်များကို ပေးစွမ်းနိုင်ပါတယ်။ အာကာသကို ရောက်နေတဲ့ အတွေ့အကြုံကိုတောင် မကြာမီ ခံစားရတော့မှာပါ။ ပိုက်ဆံ တတ်နိုင်တဲ့ လူများအတွက် အကောင်းဆုံး Gaming Hardware ဖြစ်ပါတယ်။

Xbox One S
2

Xbox One S အတွက် Microsoft ကို ချီးကျူးသင့်ပါတယ်။ 4K Ultra-HD , High Dynamic Range တို့ကို ထောက်ပံ့တာက ဂိမ်းကစားသူများ အကြိုက်ပါပဲ။ လျှင်မြန်မှု အပိုင်းမှာလည်း ထိပ်တန်းအဆင့်ပါ။ 4K Game များ ကစားရင် အသေးစိတ် ပုံရိပ်များကို ပံ့ပိုးပေးပါတယ်။

Kinect Port ကို ဖယ်ရှားလိုက်တာက လှုပ်ရှားကစားရတာကို နှစ်သက်သူများအတွက် စိတ်ပျက်စရာဖြစ်ပါတယ်။ အထူးသဖြင့် Kinect ကို အရင်က ၀ယ်ထားသူများအတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။

Xbox One S ဟာ ယခင်မော်ဒယ်များထက် ပိုမို အရွယ်ကျစ်လစ်ပြီး ဒီဇိုင်းလှပပါတယ်။ ဒါပေမယ့် Xbox One နဲ့ ဈေးနှုန်း အတူတူ ရောင်းချနေတာက စဉ်းစားရခက်ပါတယ်။ Xbox One ကို ၀ယ်ထားသူများအတွက် စွမ်းရည် ပိုမိုမြင့်မားလာခြင်း၊ 4K HDR ကို ထောက်ပံ့ခြင်းနဲ့ 2TB Storage ပါခြင်းက Xbox One S ကို ၀ယ်သင့်သလားဆိုတာပါ။ 4K HDR TV ပိုင်ဆိုင်သူများအတွက်တော့ ရွေးချယ်စရာတစ်ခုပါ။

PlayStation VR
3

Sony ရဲ့ ကာလရှည်ကြာ စမ်းသပ်နေတဲ့ PlayStation Move Motion Controller နဲ့ တွဲဖက် သုံးမယ့် PlayStation VR ထွက်လာပါပြီ။ အဲဒီအတွက် PlayStation VR ဟာ Oculus က Touch Controller ကို မဖြန့်ချီခင်အထိ အသာစီးရနေမှာပါ။ Headset ဟာ သက်တောင့်သက်သာ ၀တ်ဆင်နိုင်ပြီး လှပပါတယ်။ Batman : Arkham VR နဲ့ Wayward Sky တို့လို ပထမအသုတ် ထွက်လာမယ့် ဂိမ်းများကလည်း ရင်ခုန်စရာကောင်းပါတယ်။

HTC Vive ဟာ ၁၅ ပေ ပတ်လည် အကျယ်အ၀န်းမှာ ကစားနိုင်ပေမယ့် PlayStation VR ကတော့ ၆ ပေ၊ ၁၀ ပေ အကျယ်အ၀န်းမှာသာ ကစားနိုင်ပါတယ်။ နောက်ထပ် အားနည်းချက်က သတ်မှတ် အကျယ်အ၀န်းအတွင်းမှာတောင် မြင်ကွင်းများ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

Sony ဟာ အနာဂတ်မှာ VR Gaming Hardware လောကမှာ အအောင်မြင်ဆုံး ဖြစ်လာနိုင်ပါတယ်။ သူဟာ ထူးခြားဆန်းသစ်ပြီး အသုံးပြုရ လွယ်ကူပါတယ်။ ဈေးနှုန်းသက်သာပြီး နာမည်ကြီး ဂိမ်း ၂ ခုတောင် ထွက်ရှိနေပါပြီ။ သူဟာ HTC Vive လောက်တော့ စွမ်းရည် မမြင့်မားပေမယ့် ဒေါ်လာ ၂၀၀ တန်ကြေးက စွဲဆောင်မှု ရှိပါတယ်။

PS4 Pro

5
PS4 Pro ဟာ 4K Gaming နဲ့ High Dynamic Range တို့ကို ထောက်ပံ့တဲ့ အတွက် အံ့မခန်း ရုပ်ထွက်များကို ခံစားရမှာပါ။ 1TB Hard Drive နဲ့ 802.11ac WiFi Antenna တို့ဖြင့် အဆင့်မြှင့်ထားတာကလည်း ကျေနပ်စရာပါ။ ဂိမ်းများကို ဒေါင်းလုပ်လုပ်ရတာ အလွန် မြန်ပြီး အပို 500GB Storage ပါပါတယ်။

PS4 Pro မှာ 4K Blu-Ray Player မပါတာက အားနည်းချက် ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အပို Processing စွမ်းရည်က Developer များ သူတို့ရဲ့ ဂိမ်းများမှာ ထည့်သွင်းထားမှသာ အကျိုးခံစားရတာပါ။ လက်ရှိမှာ အဲဒီစွမ်းရည်ကို ထောက်ပံ့တဲ့ ဂိမ်းဟာ ၃၀ သာ ရှိပေမယ့် ဒီနှစ်ကုန်မှာ ၄၅ ခုအထိ ထုတ်လုပ်ပေးဖို့ စီစဉ်ထားပါတယ်။

PS4 Pro ဟာ အံ့မခန်း စွမ်းရည်မြင့်တဲ့ ဂိမ်းစက်ပါ။ အားနည်းချက်က PS4 Pro Mode ကို လက်ရှိမှာ ဂိမ်း ၃၀ သာ ထောက်ပံ့ပြီး အဲဒီအထဲက အများစုဟာ 4K TV ပိုင်ရှင်များသာ အကျိုးခံစားရမှာပါ။ HDR TV တွေ ကျယ်ကျယ်ပြန့်ပြန့် ၀ယ်နိုင်တဲ့ အချိန်နဲ့ PlayStation VR ကို အကောင်းဆုံး အသုံးချချင်သူများအတွက် ဒေါ်လာ ၃၉၉ တန် PS4 Pro ဟာ ရွေးချယ်စရာတစ်ခုပါ။

Nintendo Classic Mini: Nintendo Entertainment System
4

Nintendo Classic Mini ဟာ ဒီဇိုင်းလှပပြီး အကောင်းဆုံး ဂိမ်းများစွာ ထုတ်လုပ်ပေးထားပါတယ်။ Super Mario Bros 3 ကနေ Puzzle Bobble , The Legend of Zelda တို့လို နာမည်ကြီး ဂိမ်းများလည်း ပါဝင်ပါတယ်။ ဂိမ်းလက်ကိုင်က ကိုင်တွယ်ရတာ အဆင်ပြေပါတယ်။ Save State စွမ်းဆောင်ချက်က ဂိမ်းကစားသူများအတွက် အလွန် အသုံးဝင်ပါတယ်။ အထူးသဖြင့် Progress များကို အလွယ်တကူ Save ပေးမလုပ်တဲ့ ဂိမ်းများအတွက်ပါ။

လက်ကိုင်ရဲ့ ကြိုးဟာ အလွန် တိုတဲ့အတွက် ဧည့်ခန်း ထိုင်ခုံမှာ ထိုင်ကစားလို့ အဆင်မပြေပါဘူး။ Extension ကြိုး ၀ယ်မှ အဆင်ပြေမှာပါ။ NES ဂိမ်းများစွာ ရှိပေမယ့် လက်ရှိမှာ ဂိမ်း ၃၀ သာ ထုတ်လုပ်ပေးထားတာက စိတ်မကျေနပ်စရာပါ။

Nintendo Classic Mini ဟာ အင်တာနက် မလိုဘဲ ကစားနိုင်တာက အဆင်ပြေပါတယ်။ အချိန်မရွေး ဂိမ်းတွေကို သိမ်းဆည်းနိုင်တာက ကောင်းမွန်ပါတယ်။ လက်ကိုင်ကြိုး တိုတာက ပြဿနာပါ။ သူ့ရဲ့ ဂိမ်းများကို Wii , Wii U’s Virtual Console များမှာ ကစားနိုင်တာ နှစ်အနည်းငယ်ရှိပါပြီ။

Ref : tech radar

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Most from this category