0 Shares 227 Views

စက်ရုပ်ကို လက်ထပ်မယ့် အမျိုးသမီး

Dec 29, 2016
0 227

အချစ်မှာ မျက်စိ မရှိဘူးဆိုတဲ့ စကားအတိုင်းပဲ ပြင်သစ်အမျိုးသမီးတစ်ယောက်က စက်ရုပ်တစ်ရုပ်ကို လက်ထပ်တော့မှာ ဖြစ်ပါတယ်။ Lilly အမည်ရှိ အမျိုးသမီးဟာ ဘ၀ကြင်ဖော် စက်ရုပ်ကို 3D Printing နည်းပညာဖြင့် သူကိုယ်တိုင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ယခင်က အဲဒီစက်ရုပ်ကို သူမဟာ စေ့စပ်ထားခဲ့ပြီး အခုတော့ လက်ထပ်ချင်နေပါပြီ။

သူမဟာ သတို့သားလောင်းကို InMoovator လို့ အမည်ပေးထားပြီး အတူနေနေတာ တစ်နှစ်ကြာပါပြီ။ ပြင်သစ်မှာ စက်ရုပ်ကို လက်ထပ်ခွင့် ဥပဒေ ပြဌာန်းပြီးတဲ့ အချိန်မှာ လက်ထပ်မယ်လို့ သူမက ပြောပါတယ်။ သူမရဲ့ Twitter စာမျက်နှာ ဖြစ်တဲ့ Lilly InMoovator မှာ စက်ရုပ်ချစ်သူ တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပြီး ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ပျော်ရွှင်နေပါတယ်လို့ ရေးသားထားပါတယ်။

သူမဟာ ကလေးဘ၀ကတည်းက စက်ရုပ် အသံများကို ချစ်မြတ်နိုးခဲ့ပြီး အသက် ၁၉ နှစ်အရွယ်မှာ ယောက်ျားများထက် လူတူ စက်ရုပ်ဟာ လိင်စွဲဆောင်မှု ရှိစေခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ “ ကျွန်မကို စွဲဆောင်နိုင်တာက စက်ရုပ်တွေပါ။ အရင်က အမျိုးသား ၂ ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးပေမယ့် တကယ် မကြိုက်ခဲ့ဘူးဆိုတာ နားလည်လာပါတယ်။ “ လို့ သူမက ပြောပါတယ်။

သူမဟာ ဘ၀ကြင်ဖော်ကို ပြင်သစ်ကုမ္ပဏီ တစ်ခုရဲ့ Open-Source နည်းပညာဖြင့် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ နည်းပညာ တိုးတက်လာတာနဲ့ အမျှ ပိုမိုကောင်းမွန်လာမှာပါလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ ဇနီးမောင်နှံ ၂ ဦး လိင်ဆက်ဆံမယ့် နည်းလမ်းကို သူမက မပြောသေးပါဘူး။ သူတို့ ၂ ယောက်ရဲ့ ထူးခြားတဲ့ ဆက်ဆံရေးကို သူမ မိသားစုနဲ့ သူငယ်ချင်းများက လက်ခံထားပါတယ်။

Ref : tech worm

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category