ဘက်တီးရီးယားများဖြင့် တည်ဆောက်ထားတဲ့ ဇီဝ ဘက်ထရီ
နယူးယောက် မြို့တော် ဘာမင်ဂန် တက္ကသိုလ်မှ သုတေသနပညာရှင်များက ဘက်ထရီ နည်းပညာအသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ သူ့ရဲ့ ဘက်ထရီဟာ စာရွက်တစ်ရွက်ဖြစ်ပြီး ဘက်တီးရီးယားများဖြင့် စွမ်းအင်ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။
“ စီမံကိန်းရဲ့ ရည်ရွယ်ချက်က ဘက်တီးရီးယားများ ထည့်သွင်းထားတဲ့ အရည်တစ်မျိုးကနေ ရက်သတ္တပတ် အနည်းငယ်ကြာအောင် စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ ဘက်ထရီများကို တီထွင်ဖို့ ဖြစ်ပါတယ်။ ဒီနည်းပညာဖြင့် တီထွင်ထားတဲ့ ဘက်ထရီများဟာ ကုန်ကျစားရိတ်နဲ့ အချိန်သက်သာပြီး ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများမှာ စွမ်းအင် အရင်းအမြစ်အဖြစ် ဘိုင်အို ဘက်ထရီများ အသုံးပြုတဲ့ နည်းလမ်းကို တော်လှန်ဆန်းသစ်ထားပါတယ်။ “ လို့ သုတေသနပညာရှင်များက ရေးသားထားပါတယ်။
ပညာရှင်များက Chromatography Paper လို့ ခေါ်တဲ့ စာရွက်တစ်မျိုးကို အသုံးပြုထားပြီး စာရွက်မှာ ဖယောင်းအလွှာတစ်ထပ်နဲ့ Silver Nitrate အလွှာတစ်ထပ်ကို ထည့်သွင်းထားပါတယ်။ Anode ကို စာရွက်ရဲ့ အခြားတစ်ဝက်မှာ Conductive Polymer နဲ့ ဘက်တီးရီးယားများ ပါတဲ့ အရည် ဖြင့် ဖန်တီးထားပါတယ်။ ဘက်တီးရီးယား ပိုးများရဲ့ အသက်ရှူခြင်းကနေ ဘက်ထရီအတွက် စွမ်းအင်ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။
ဒီဘက်ထရီများကို ကားများမှာ အသုံးပြုလို့ ရမှာ မဟုတ်ဘဲ စွမ်းအင် အနည်းငယ်ကိုသာ ထုတ်လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပညာရှင်များက သူတို့ရဲ့ ဘက်ထရီဟာ Glucose Sensors များကို စွမ်းအင်ပေးခြင်း၊ ရောဂါပိုးမွှားများကို ခြေရာခံခြင်း၊ သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာများကို ရက်အနည်းငယ်ကြာ စွမ်းအင်ပံ့ပိုးခြင်းများကို သမားရိုးကျ စွမ်းအင် ပံ့ပိုးတဲ့ ကိရိယာများ မပါဘဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ပညာရှင်များက ဘိုင်အို ဘက်ထရီ နမူနာပုံစံကို ၂၀၁၅ ခုနှစ်ကတည်းက တီထွင်နိုင်ခဲ့တာ ဖြစ်ပြီး ခေါက်ချိုးနိုင်တဲ့ မီးခြစ်ဆံဘူး ပုံသဏ္ဍာန် ဖြစ်ပါတယ်။
Ref : tech crunch
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…