1 Shares 755 Views

နည်းပညာ မှာ ကန့်သတ်ချက်ဆိုတာ မရှိဘူး လို့ ရန်ဒီဇူကာဘတ် ပြောကြား

Dec 30, 2016
1 755

နည်းပညာရှင် ၊ အဆိုတော် ၊ ပွဲစီစဉ်သူ၊ ဇာတ်ကြောင်းပြောသူ၊ ဒစ်ဂျစ်တယ်မားကက်တင်း ပြုလုပ်သူ စသဖြင့် အမျိုးမျိုး လုပ်ကိုင်နိုင်စွမ်း ရှိတဲ့ ရန်ဒီဇူကာဘတ် က နည်းပညာ မှာ ကန့်သတ်ချက်ဆိုတာ မရှိဘူး လို့ တွေ့ဆုံခန်းတစ်ခု မှာ ပြောကြားလိုက်ပါတယ်။
.
အခု ရက်ပိုင်းအတွင်းမှာ ထင်ရှားလာတဲ့ Facebook Media ကို တည်ထောင်ခဲ့တဲ့သူ ဖြစ်တဲ့ ရန်ဒီဇူကာဘတ် ဆိုတာ ဟာ ဒီကနေ့မှာ နာမည်ကျော်ကြားပြီး လူသိများနေတဲ့ ဖေစ့်ဘုတ် တည်ထောင်သူ ပိုင်ရှင်ဖြစ်တဲ့ မက်ဇူကာဘတ် ရဲ့ အသက် (၂) နှစ်သာ ကြီးတဲ့ အမ ရင်း ဖြစ်သူ ပါ။ နည်းပညာလောကမှာ ပဲ ဖြစ်ဖြစ် ၊ အနုပညာလောကမှာပဲ ဖြစ်ဖြစ် စည်းမျဉ်းတွေ၊ ဘောင်တွေ နဲ့ တခြား မအောင်မြင်အောင် တားမြစ်ပိတ်ပင်ထားတယ် ဆိုတဲ့ ကန့်သတ်ချက်ဆိုတာ မရှိဘူး လို့ ရေဒီယိုရှိုးတစ်ခု ရဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် မှာ လောင်းရိပ်အောက်မှာ မနေထိုင်ချင်တဲ့ အမျိုးသမီးငယ် တစ်ယောက် ရဲ့ အကြောင်း ကို Podcast အနေနဲ့ လွှင့်ထုတ်ထားတဲ့ Episode ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း က လွှင့်ထုတ်နိုင်ခဲ့ပါတယ်။
.
တကယ်တော့ ရန်ဒီဇူကာဘတ် ဟာ ဖေ့စ်ဘုတ် ပေါ်ဦးစ ကာလမှာ Digital Marketing ကို စတင်ပြုလုပ်ခဲ့သူဖြစ်ပြီး Digital Marketing ဆိုတဲ့စကားလုံး နဲ့ ယဉ်ကျေးမှု အပြင် ၊ အွန်လိုင်းဈေးကွက်ရှာဖွေခြင်း ၊ စတဲ့ စွန့်ဦးတီထွင်တဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ရန်ဒီဇူကာဘတ် က တီထွင်ခဲ့တယ် လို့ တရားဝင် မဟုတ်ပေမယ့် အားလုံးက အသိအမှတ်ပြုခံထားရသူပါ။ ၂၀၁၁ ခုနှစ်မှာ တော့ ကိုယ်ပိုင် စတူဒီယို တွေ နဲ့ မီဒီယာကုမ္ပဏီ တစ်ခု ကို တည်ထောင်ချင်တဲ့အတွက် ဖေ့်စဘုတ် ကနေ အလုပ်ထွက်ခဲ့ပါတယ်။ သီချင်းတွေရေးတာတွေ ၊ ကလေးစာအုပ်တွေ ရေးတာတွေ အပြင် အောင်မြင်တဲ့ Radio Show တွေကိုပါ တင်ဆက်နိုင်ခဲ့ပါတယ်။ အနုပညာ နဲ့ ဆက်စပ်နည်းပညာ မှန်သမျှ လုပ်သမျှ အောင်မြင်တဲ့သူတစ်ဦး ဖြစ်တဲ့အတွက် Multi-Talented Person လို့လည်း တင်စားခေါ်ဆိုခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။
.

Ref : Forbes

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
581 shares148 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category