4 Shares 1293 Views

ကလေးဓါတ်ပုံကို ဖေ့စ်ဘုတ် မှာ တင်တော့မယ် ဆိုရင် နှစ်ခါ စဉ်းစားပါ

Dec 28, 2016
4 1293

1. sharing ….
ပထမဆုံး တွေ့ကြုံရတာ က Sharing လုပ်တာ ပါ။ “.uk” ဒိုမိန်း နဲ့ Register လုပ်ပြီး တင်ခဲ့တဲ့ စာမျက်နှာမှန်သမျှကို လေ့လာ ဆန်းစစ်ခဲ့ရာ နှစ်စဉ်နှစ်တိုင်း ဆိုသလို မိဘတိုင်း ဟာ အသက် ၅ နှစ် မပြည့်သေးတဲ့ ကလေးငယ်တွေရဲ့ ဓါတ်ပုံ၊ ပုံအရေအတွက် ၂၀၀ ကျော် ကို အွန်လိုင်းပေါ်မှာ တင်လေ့ရှိတယ် လို့ ဆိုပါတယ်။
– ဆိုလိုတာက ကလေးငယ်တစ်ယောက် ဟာ အသက် ၅ နှစ် အရွယ်ရောက်တဲ့အချိန်မှာ သူ့ရဲ့ ဓါတ်ပုံတွေ ဟာ အွန်လိုင်းမှာ ပုံအရေအတွက် ၁၀၀၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တခြား တစ်ဖက် က ဆန်းစစ်ကြည့်ခဲ့တဲ့ အခါမှာ မိဘတွေရဲ့ ဓါတ်ပုံ ဟာ အွန်လိုင်းမှာ အရေအတွက် အဲဒီလောက် မရှိခဲ့ဘဲ ကလေးငယ်ကိုယ်တိုင်လည်း (ငယ်ရွယ်သေးတဲ့အတွက်) ရိုက်ယူပြီး အွန်လိုင်းမတင်သေးပဲ ရှိနေပါတယ်။ မိဘဟာ လူမသိ၊ သူမသိ ရှိနေသေးပေမယ့် ကလေးငယ် ဟာ လူဦးရေ အနိမ့်ဆုံး ၁၀၀၀ သိရှိသွားပြီ ဖြစ်ပါတယ်။

2. Web
အင်တာနက် ရဲ့ သဘောတရားကိုယ် က မှတ်စုစာအုပ်ကြီး သဖွယ် စုစည်းထားတာ ဖြစ်တဲ့အတွက် စာအုပ်ကြီး ဟာ ထူထဲ ကြီးမားလာတာပဲ ရှိတာ ဖြစ်ပြီး အွန်လိုင်းပေါ်တင်လိုက်သမျှ အရာအားလုံး ကို နည်းလမ်းပေါင်းစုံ နဲ့ ပြန်လည် ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ အဲဒီအတွက် Upload တင်ထားတဲ့ ကလေးငယ်တစ်ယောက် ရဲ့ ဓါတ်ပုံကို Archive လိုမျိုး ဆိုဒ်တစ်ခု ကနေ အချိန်မရွေး ပြန်လည် ရှာဖွေနိုင်စွမ်း ရှိပါတယ်။ ပျောက်ဆုံးနေတဲ့ မှတ်တမ်းရေးရာ တွေနဲ့ ပြင်ပလောကမှာ ရှာဖွေဖို့ ခဲယဉ်းတဲ့ အချက်အလက်တွေကိုတောင် မှ သုတေသနစာတမ်းတွေ မှာ ပြန်လည်ရှာဖွေနိုင်တဲ့အတွက် ကလေးငယ်ရဲ့ ဓါတ်ပုံကို ရှာဖွေဖို့အတွက် ရှာဖွေရေး အင်ဂျင်အသစ်တောင်မှ ရေးသားဖို့ မလိုဘဲ အသင့်သုံး အင်ဂျင်နဲ့တင် ရှာဖွေနိုင်ပါတယ်။

3.involved
နောက်တစ်ချက် က တော့ ကလေးငယ်ရဲ့ ပါဝင်ပတ်သက်မှု ပါ။ တချို့ကလေးငယ်တွေ ဟာ cuted ဖြစ်ပြီး တချို့ကတော့ စိတ်ပေါ့သွပ်သူ
တွေအတွက် ရည်မှန်းချက် ထားချင်စရာ ဖြစ်စေပါတယ်။ မုဒိန်းမှုတွေ နဲ့ သက်ငယ်မုဒိန်းမှု တွေ ကို လေ့လာကြည့်တဲ့နေရာမှာ တူညီတဲ့အချက် တစ်ခု ကတော့ သားကောင်တွေဟာ ဆွဲဆောင်နိုင်မှု အချက် အနည်းဆုံး (၁) ခု ရှိနေပါတယ်။ ရာဇ၀တ်သား ဟာ သူရဲ့ သားကောင် ကို ရွေးချယ်တဲ့အခါမှာ နောက်ဆုံးမှာ ဘယ်လို မှ မဖြစ်နိုင်တဲ့အဆုံးမှသာ ရုပ်ရည်မပြေပြစ်သူ နဲ့ ကြုံရာ ကျပန်းကို ရွေးချယ်တတ်ပြီး ကနဦး ဦးစားပေးအနေနဲ့ကတော့ အဆင်ပြေပြေ ဖြစ်နေတဲ့သူကို သာ ရွေးချယ်တတ်လေ့ရှိပါတယ်။
–  မီချီဂန်တက္ကသိုလ် ရဲ့ လေ့လာချက်အရ ကလေးငယ်တွေဟာ ဓါတ်ပုံရိုက်စဉ်တိုင်းမှာ မိဘရဲ့ အကူအညီ ဒါမှမဟုတ် ဓါတ်ပုံဆရာ ရဲ့ အကူအညီ မပါဝင်ဘဲ ရိုက်ယူလို့ မရတဲ့အတွက် ကလေးငယ် ပြုမူသွားတဲ့ ပို့စ် ၊ အနေအထားတွေ ဟာ လူကြီးတွေရဲ့ စိတ်ကူး အိုင်ဒီယာ သာ ဖြစ်နေပါတယ်။ အဲဒီအတွက် လူကြီးတွေ ဟာ သူတို့ရဲ့ စိတ်ကူးအတိုင်း မသိစိတ်ထဲမှာ ရှိတဲ့ လိင်မှု ကို ကလေးငယ် ရဲ့ ဓါတ်ပုံအပေါ် မှာ ဇောင်းပေးဖော်ပြလိုက်တဲ့ အဲဒီ ဓါတ်ပုံ ဟာ ရာဇ၀တ်မှု ကျူးးလွန်မယ့် သူအတွက် စွဲလန်းစရာ ဓါတ်ပုံတစ်ခု ဖြစ်လာခဲ့ရပါတယ်။

..
ကလေးစိတ်ပညာရှင် နဲ့ လူမှုရေး အဖွဲ့အစည်းတွေကလည်း ပြင်သစ် အစိုးရ ရဲ့ အဲဒီ ဥပဒေသစ် ကို ကြိုဆိုလက်ခံခဲ့ကြပြီး မျှတတဲ့ ဥပဒေသစ် တခု ဖြစ်ပြီး နောက်ပိုင်းမှာ တခြား အစိုးရ အဖွဲ့အစည်းတွေကလည်း အဲဒီလို ဥပဒေသစ်တွေ ပြဌန်းလာကြဖို့ တိုက်တွန်းသွားမယ့် အကြောင်း နှိုးဆော်ထားပါတယ်။
..

Ref : Mashable ၊ Wiki  ၊ NewsGoogle

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category