0 Shares 107 Views

Microsoft နဲ့ Acer ပေါင်းပြီး Windows 10 စနစ်သုံး လက်ပ်တော့ပ် တစ်လုံးကို ကျောင်းသားတွေအတွက် ထုတ်လုပ်ရန် စီစဉ်နေ

Jan 31, 2016
0 107

Microsoft ဟာ သူတို့ထုတ်လုပ်တဲ့ Windows 10 စနစ်သုံး လက်ပ်တော့ပ်တွေကို ကျောင်းတွေမှာ တွေ့ချင်နေပါတယ်။ ဒါကြောင့် Microsoft ဟာ Acer ကုမ္မဏီနဲ့ ပူးပေါင်းပြီး ပညာရေးဈေးကွက်အတွက် လက်ပ်တော့ပ်အသစ်တစ်လုံးထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Microsoft နဲ့ Acer ကထုတ်လုပ်မယ့် Windows 10 စနစ်သုံး ၁၁.၆ လက်မ အရွယ်အစားရှိ TravelMate B117 ဟာလည်း ကျောင်းတွေအတွက် သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ TravelMate B177 ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်ကတော့ နောက်ခံ LED မီးရောင်ပဲဖြစ်ပါတယ်။ အဲဒီ LED မီးရောင်ဟာ အရောင် ၄ မျိုး ရွေးချယ်ခွင့်ရမှာဖြစ်ပြီး ဒါဟာလည်း ကျောင်းသားတွေကို သူတို့ရဲ့လက်ရှိသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ဆရာတွေကို ပြသနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတယ်လို့သိရပါတယ်။

“ဥပမာအနေနဲ့ ဆရာတွေ တစ်တန်းလုံးကို အများကြီးထဲက တစ်ခုရွေးချယ်ရတဲ့ မေးခွန်းတွေမေးတဲ့အခါ ကျောင်းသားတွေဟာ သူတို့အဖြေကို သူတို့ လက်ပ်တော့ပ်မှာ တင်ရေးထားနိုင်ပြီး LED မီးရောင်တွေက သူတို့ ရွေးချယ်ထားတဲ့ အဖြေတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ထို LED မီးရောင်ဟာ ကျောင်းသားတွေရဲ့ စာစဉ်ပြုလုပ်မှုတွေ ပြီးဆုံးသွားပြီဆိုတာကိုလည်း ဆရာတွေအလွယ်တကူသိအောင်ပြသနိုင်မှာပါ” လို့ Microsoft က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

ဒီ TravelMate B117 ဟာ ဘောင်တွေကိုလည်း ရာဘာတွေနဲ့ တပ်ဆင်တည်ဆောက်ထားတဲ့အတွက် ရုတ်တရတ်ပြုတ်ကျတာမျိုးကနေ ထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်ပြီး အလေးချိန်အားဖြင့်လည်း ၃ ပေါင်သာလေးလံမယ်လို့ သိရပါတယ်။ လက်ပ်တော့ပ်ရဲ့ မျက်နှာပြင်ကာဗာဟာလည်း ၁၈၀ ဒီဂရီ လှည့်နိုင်ပြီး ဖြုတ်/တပ်နိုင်မှာဖြစ်သလို ကီးဘုတ်ဟာလည်း ရေစိုခံစနစ်တပ်ဆင်ထားပါသေးတယ်။

ရုပ်ထွက်ကောင်းမွန်ဖို့အတွက် Intel ရဲ့ HD ဂ၇ပ်ဖစ်ကတ်ကို ထည့်သွင်းထားပြီး RAM ကတော့ 4GB ရှိကာ သိုလှောင်ပမာဏအတွက်ကတော့ ရွေးချယ်စရာတွေရှိတယ်လို့ သိရပါတယ်။ ထုတ်လုပ်မယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပါဘူး။

Ref : Windows Central

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category