0 Shares 267 Views

၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်နာရီများ

Jan 01, 2017
0 267

စမတ်နာရီများဟာ အချိန်ကြည့်နိုင်တဲ့ နာရီတစ်လုံးထက် စွမ်းဆောင်ရည်မြင့်မားပါတယ်။ စမတ်နာရီများက စမတ်ဖုန်းများမှ Notification များကို ပြသပေးပါတယ်။ Apps များ သုံးခြင်း၊ အင်တာနက် ကြည့်ခြင်းများကိုလည်း စမတ်နာရီကနေ ပြုလုပ်နိုင်ပါတယ်။ ဒီနေ့ခေတ် စမတ်နာရီများမှာဆိုရင် အသံဖြင့်တောင် အလုပ်များလုပ်နိုင်ပါတယ်။ GPS ကနေ သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုကို တွက်ချက်ပေးပါတယ်။ စမတ်နာရီကနေ ဈေးဆိုင်များမှာ ငွေပေးချေနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း စမတ်နာရီများစွာ ပေါ်ထွက်လာခဲ့ပြီး အဲဒီအထဲက အကောင်းဆုံး စမတ်နာရီများကို ရွေးချယ်ဝယ်ယူနိုင်အောင် ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

၁။ Apple Watch 2
1

OS: watchOS 3 | Compatibility: iOS | Display: 1.53″ OLED | Processor: S2 dual-core | Band sizes: Varies drastically per watch size | Onboard storage: 8GB (only 2GB and 75MB allowed for music and photos, respectively) | Battery: 18 hours |Charging method: Wireless | IP rating: IPX7 | Connectivity: Wi-Fi, Bluetooth, NFC

Apple Watch 2 ကိုတော့ နံပါတ် ၁ နေရာမှာ ရွေးချယ်ထားပါတယ်။ သူဟာ ရေစိုခံပြီး GPS ပါတဲ့အတွက် တည်နေရာလမ်းညွှန်မှုများကို ကြည့်နိုင်ပါတယ်။ နောက်ဆုံးထုတ် watchOS 3 ထည့်သွင်းထားပါတယ်။ ဒီဇိုင်းမှာ ယခင်မော်ဒယ်များနဲ့ အလွန် ဆင်တူပြီး ခန့်ထည်လှပပါတယ်။ ဈေးနှုန်းကတော့ Apple ရဲ့ ထုံးစံအတိုင်း ကြီးမြင့်ပါတယ်။

၂။ Samsung Gear S2
2

OS: Tizen OS | Compatibility: Android | Display: 1.2″ 360 x 360 Super AMOLED |Processor: Dual-core 1.0GHz | Band sizes: S (105 x 65mm) L (130 x 70mm) |Onboard storage: 4GB | Battery duration: 1.5 days | Charging method: Wireless |IP rating: IP68 | Connectivity: Wi-Fi, Bluetooth, NFC

Samsung Gear S2 ဟာ အကောင်းဆုံး စမတ်နာရီများထဲမှ တစ်လုံးပါ။ နာရီဒီဇိုင်းက ဆန်းသစ်ပါတယ်။ လက်နဲ့လှည့်လို့ရတဲ့ မျက်နှာပြင် ဘေးဘောင် ဒီဇိုင်းနဲ့ Tizen OS တို့က အသုံးဝင်တဲ့ တီထွင်မှုများပါ။ သူ့ရဲ့ Super AMOLED Display က အလွန် ကြည်လင် ပြတ်သားပြီး အရောင်များ စုံလင်ပါတယ်။ ဈေးနှုန်းတူ Android Wear Device များ အစား ရွေးချယ်သင့်ပါတယ်။

၃။ Moto 360
3

OS: Android Wear | Compatibility: Android, iOS | Display: 1.37″ or 1.56″ LCD |Processor: Quad-core 1.2GHz | Case dimensions: 42mm or 46mm diameter, each 11.4mm thick | Onboard storage: 4GB | Battery: 1.5-2 days depending on size |Charging method: Wireless | IP rating: IP67 | Connectivity: Wi-Fi, Bluetooth

Moto 360 ဟာ ၂၀၁၆ ထုတ် စမတ်နာရီများထဲမှာ ဒီဇိုင်းအလှပဆုံးဖြစ်လို့ နံပါတ် ၃ နေရာမှာ ရွေးချယ်ခဲ့ပါတယ်။ ၀တ်ဆင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ယခင်မော်ဒယ်များမှာ လိုအပ်ချက် ဖြစ်ခဲ့တဲ့ အရွယ်အစားအသစ်များကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ဒီဇိုင်းအပိုင်းကိုလည်း အဆင့်မြှင့်ထားပါတယ်။

၎။ Huawei Watch
4

OS: Android Wear | Compatibility: Android, iOS | Display: 1.4″ AMOLED |Processor: Quad-core 1.2GHz | Case dimensions: 42mm diameter, 11.3mm thick |Onboard storage: 4GB | Battery: 2 days | Charging method: Wireless | IP rating:IP67 | Connectivity: Wi-Fi, Bluetooth

Huawei Watch ရဲ့ ဒီဇိုင်းဟာ တန်ဖိုးကြီး စမတ်နာရီ ဒီဇိုင်းဖြစ်ပြီး အလွန် ခန့်ထည်လှပပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဝိုင်းကလည်း အလွန်ကြည်လင်ပြတ်သားပါတယ်။ ဘက်ထရီသက်တမ်းနဲ့ အရွယ်အစား တစ်မျိုးထဲ ထုတ်လုပ်ပေးထားတာလောက်ပဲ အပြစ်ပြောစရာ ရှိပါတယ်။

၅။ Sony SmartWatch 3

5

OS: Android Wear | Compatibility: Android | Display: 1.6″ LCD | Processor: Quad-core 1.2GHz | Case dimensions: 36mm diameter, 10mm thick | Onboard storage:4GB | Battery: 2 days | Charging method: via microUSB | IP rating: IP68 |Connectivity: Wi-Fi, Bluetooth, NFC, GPS

သူ့ရဲ့ စွမ်းဆောင်ရည်က ပြိုင်ဖက်များထက် သာလွန်နေပါတယ်။ မျက်နှာပြင်နဲ့ ဘက်ထရီ သက်တမ်းက ကောင်းမွန်ပါတယ်။ GPS ပါတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအတွက် အသုံးဝင်ပါတယ်။ စတိုင်ကျခြင်း မရှိတာလောက်ပဲ အပြစ်ပြောစရာ ရှိပါတယ်။

၆။ Asus ZenWatch 2
6

OS: Android Wear | Compatibility: Android, iOS | Display: 1.63″ AMOLED |Processor: Quad-core 1.2GHz | Case dimensions: 40mm diameter, 9.3mm thick |Onboard storage: 4GB | Battery: 2 days | Charging method: via proprietary USB charger | IP rating: IP67 | Connectivity: Wi-Fi, Bluetooth

ZenWatch 2 ဟာ မူလ ZenWatch ထက် ပိုမိုကောင်းမွန်လာပေမယ့် အားနည်းချက်တွေ ရှိနေပါတယ်။ ဈေးနှုန်းသက်သာပြီး Android Wear Smartwatch တစ်လုံး လိုချင်သူများအတွက် ရွေးချယ်စရာ တစ်ခုပါ။ iOS Device များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် ဘေးဘောင်များ ကြီးမားပြီး စကရင်သေးငယ်တယ်လို့ ထင်ရတဲ့ အတွက် ဒီဇိုင်းအပိုင်းမှာ အားနည်းပါတယ်။

၇။ LG Watch Urbane
7

OS: Android Wear | Compatibility: Android, iOS | Display: 1.3″ P-OLED |Processor: Quad-core 1.2GHz | Case dimensions: 45.5mm diameter, 10.9mm thick | Onboard storage: 4GB | Battery: 2 days | Charging method: Wireless | IP rating: IP67 | Connectivity: Wi-Fi, Bluetooth

LG Watch Urbane ဟာ ဖက်ရှင်ကျ လှပပါတယ်။ မျက်နှာပြင်ဝိုင်းကလည်း စွဲဆောင်မှု အပြည့်ပါပဲ။ အရွယ်ကြီးမားတဲ့အတွက် လက်ကောက်ဝတ်သေးငယ်သူများအတွက် အဆင်မပြေပါဘူး။ ဘက်ထရီ သက်တမ်းက ကောင်းမွန်ပေမယ့် GPS မပါပါဘူး။

၈။ Tag Heuer Connected
8

OS: Android Wear | Compatibility: Android, iOS | Display: 1.5″ LCD | Processor:Dual-core 1.6GHz | Case dimensions: 46mm diameter, 12.8mm thick | Onboard storage: 4GB | Battery: 2 days | Charging method: via proprietary USB dock |Waterproofing: IP67 | Connectivity: Bluetooth

သူဟာ တန်ဖိုးကြီး စမတ်နာရီ ဒီဇိုင်းဖြစ်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ ဖြစ်တဲ့အတွက် ဈေးကြီးပါတယ်။ 1.6GHz Processor နဲ့ 1GB RAM ကြောင့် ဈေးကွက်ထဲမှ ပြိုင်ဖက်များထက် စွမ်းရည်မြင့်မားပါတယ်။ တန်ဖိုးကြီး နာရီမှာ Android Wear ထည့်သွင်းထားတာက ဘ၀င်မကျစရာပါ။ မျက်နှာပြင် Resolution က အားနည်းပါတယ်။

၉။ Apple Watch
9

OS: watchOS 2 | Compatibility: iOS | Display: 1.53″ OLED | Processor: S1 System-in-Package (SiP) | Band sizes: Varies drastically per style | Onboard storage: 8GB (only 2GB and 75MB allowed for music and photos, respectively) | Battery: 18 hours | Charging method: Wireless | IP rating: IPX7 | Connectivity: Wi-Fi, Bluetooth, NFC

Apple Watch ဟာ စတိုင်ကျပြီး ဒီဇိုင်း လှပပါတယ်။ watchOS 2 ရဲ့စွမ်းဆောင်ချက်များကလည်း အံ့မခန်း ဖြစ်ပါတယ်။ အသုံးပြုရတာ လျှင်မြန်ပြီး Watch Faces များစွာ ရွေးချယ်နိုင်ပါတယ်။ User Interface က ဆန်းသစ်ပါတယ်။ ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ ဘက်ထရီ သက်တမ်းသာ အပြစ်ပြောစရာရှိပါတယ်။

Ref : tech radar

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Most from this category