0 Shares 213 Views

လိင်ကိစ္စ ဖြင့် ဖေ့စ်ဘုတ် အကြီးတန်းအရာရှိတစ်ဦး အဖမ်းခံရ

Dec 27, 2016
0 213

Oculus VR ပရောဂျက် ရဲ့ ဦးဆောင်သူလည်း ဖြစ်ပြီး ဖေ့်ဘုတ် ရဲ့ အကြီးတန်း ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးလည်း ဖြစ်တဲ့ အသက် ၃၈ နှစ် အရွယ် Katz ဟာ အသက် ၁၅ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး ကို လိင်ကိစ္စ အလို့ငှာ ဒေါ်လာ ၃၅၀ ပေးပြီး ဖြားယောင်းသွေးဆောင်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ Seattle မှာ ဒီကနေ့ အဖမ်းခံခဲ့ရပါတယ်။
.
အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အစ္စရေးလူမျိုးတစ်ဦး ဖြစ်တဲ့ Katz ဟာ သူ ပျော်ပါးဖို့ စီစဉ်ထားတဲ့ Seattle ဒေသအနီး Hotel နားမှာ အရပ်ဝတ်ယူနီဖောင်း နဲ့ အသင့်ရှိနေခဲ့တဲ့ စုံထောက်တွေရဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး Tukwila ရဲအဖွဲ့ရဲ့ အဆိုအရ Katz ဟာ ကွန်ဒုံးမပါဘဲ နဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် နဲ့ ပျော်ပါးဖို့ ကြံစည်ခဲ့တယ် လို့ ဆိုပါတယ်။ Katz ကတော့ သူဟာ နွမ်းပါးတဲ့ မိန်းကလေးငယ်ကို ကယ်ဆယ်ဖို့အတွက် ငွေကြေး သုံးစွဲခဲ့တာ လို့ ပြောဆိုပြီး စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
.
ဖေ့စ်ဘုတ် ကုမ္ပဏီ ဟာ Oculus ကို ဒေါ်လာ ၂ ဘီလီယံနဲ့ ၂၀၁၄ ခုနှစ်က ၀ယ်ယူခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ Oculus ကုမ္ပဏီဟာ အခုအချိန်မှာ ဈေးကွက်ထဲကို ရောက်ရှိပြီး နာမည်ကြီးနေတဲ့ Oculus VR တွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Ref : DM

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
655 shares148 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
138 shares56 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Most from this category