Bloomberg သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတစ်ရပ်အရတော့ Apple ဟာ iPhone တွေမှာ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့်နည်းပညာကို ၂၀၁၇ မှာ ထုတ်လုပ်နိုင်အောင် ဖန်တီးနေတယ်လို့ သိရပါတယ်။ ထို သတင်းက အခိုင်အမာဆိုထားတာကတော့ Apple ဟာ ဒီနည်းပညာကို တည်ဆောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ အာရှိမှာရှိတဲ့ ပါတနာတွေနဲ့ ပူးပေါင်းထားတယ် ဆိုတာပါပဲ။
Apple ဟာ ကြိုးမဲ့အားသွင်း စနစ်ကို တည်ဆောက်ဖို့အတွက်တော့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ရဦးမှာပါ။ ဖြစ်နိုင်ချေရှိတဲ့ အခက်အခဲ တစ်ခုက တော့ အကွာအဝေးပေါ်မူတည်ပြီး ပါဝါ ဆုံးရှုံးမှု ဖြစ်ပေါ်လာမယ့် အခက်အခဲပါပဲ။ ဆိုလိုချင်တာကတော့ ဖုန်းနဲ့ အားသွင်းစက်နဲ့ ဝေးလေလေ ၊ အားသွင်းယူချိန်ကြာလေလေ ဖြစ်လာတာမျိုးပါ။
ကြိုးမဲ့အားသွင်းစနစ်ဟာ ဒီနှစ်ထဲမှာ ထွက်ရှိလာဖွယ်ရှိတဲ့ iPhone 7 ရဲ့ ကောလာဟလ တစ်ခုလည်းဖြစ်ပါတယ်။ ဒီသတင်းထွက်ပေါ်လာတဲ့အတွက် ၂၀၁၇ မှာ ထုတ်လုပ်မယ့် iPhone မှာမှသာ ကြိုးမဲ့အားသွင်းစနစ် ကို တွေ့မြင်နိုင်တော့မှာ ဖြစ်ပါတယ်။ Apple ဟာ ကြိုးမဲ့အားသွင်း နည်းပညာကို ဖန်တီးနေခဲ့တာ ကြာပါပြီ။ ၂၀၁၀ ခုနှစ်မှာတုန်းကလည်း iMac ကိုသုံးပြီး iOS ကိရိယာတွေကို ကြိုးမဲ့အားသွင်းယူနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ အက်ပလီကေးရှင်းအရတော့ iMac နဲ့ iOS ကိရိယာကို ၁ မီတာအကွာမှာသာ ထားပြီး အားသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော Apple Watch ဟာလည်း ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။ ဒါပေမယ့် ပုံစံတော့မတူပါဘူး။ Apple Watch ရဲ့ ကြိုးမဲ့အားသွင်းစနစ်မှာတော့ အားသွင်းနိုင်ဖို့အတွက် အားသွင်းပြားကို ထိနေပေးမှာရတာပါ။အဲဒါဟာ Android စနစ်မှာ ရှိခဲ့တဲ့ ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ ဆင်တူပါတယ်။
Ref : 9to5 Mac