0 Shares 158 Views

ထိုင်ဝမ် မှာ အာရှဆီလီကွန်တောင်ကြား တည်ဆောက်မည်

Dec 26, 2016
0 158

ကမ္ဘာကျော် ကုမ္ပဏီတွေ တည်ရှိရာအရပ် ဖြစ်တဲ့ ကာလဖိုးနီးယား ရဲ့ ဆီလီကွန်တောင်ကြား အတိုင်း နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်တွေကို ကမ္ဘာအနှံ့ကို ဖြန့်ချိပေးမယ့် အဆင့်မြင့်ကုမ္ပဏီတွေ မှီတင်းနေထိုင်ရာ အရပ်တစ်ခု ကို ထိုင်ဝမ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး အာရှတိုက်ရဲ့ ဆီလီကွန်တောင်ကြား ဖြစ်လာစေဖို့ ရည်မှန်းထားကြောင်း ထိုင်ဝမ်အစိုးရ က ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
.
အာရှတိုက်မှာ အာရှသားတွေအတွက် ဆီလီကွန်တောင်ကြားတစ်ခု တည်ဆောက်ဖို့အတွက်ဟာ ထိုင်ဝမ်အစိုးရ ရဲ့ ဦးစားပေး စီမံကိန်းဖြစ်တယ် လို့ သိရပါတယ်။ ထိုင်ဝမ်အစိုးရ က အဲဒီစီမံကိန်းအတွက် ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး LoTအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ရာ Acer ကို တည်ထောင်ခဲ့တဲ့ Stan Shih ဟာ ဂုဏ်ထူးဆောင်ဥက္ကဌ အဖြစ် ပါဝင်လာခဲ့ပါတယ်။
.
အဲဒီ ပရောဂျက်မှာ အဓိက Concept နှစ်ခု အဓိက ပါဝင်မှာဖြစ်ပြီး သဘာဝဂေဟစနစ်ကို မပျောက်ပျက်စေမယ့် တီထွင်ဆန်းသစ် ဖန်တီးမှုတွေ ကို ထုတ်လုပ်ဖို့ နဲ့ အင်တာနက်ကို ယခုထက်ပိုပြီး စိုးမိုးအနိုင်ယူသွားဖို့ တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ထိုင်ဝမ်အစိုးရ ဟာ အခုအချိန်ကတည်းက စပြီး အရည်အချင်းရှိတဲ့ နည်းပညာသမား လူငယ်တွေ ဥရောပတိုက် နဲ့ အမေရိကဘက်ခြမ်းတွေကို ရွေ့ပြောင်းမသွားစေဖို့ လစာ၊ အလုပ်အကိုင် ၊ အခွင့်အလမ်း စတဲ့ နည်းလမ်းမျိုးစုံ နဲ့ ကြိုးပမ်းသွားမယ် လို့ ဆိုပါတယ်။
.
အဲဒီဆီလီကွန်တောင်ကြားမှာပဲ Smart Transport, Smart Medical Care,Smart Logistics, One-Stop-Service Center တွေ ၊ R&D ရင်းမြစ် တွေ၊ အပြင် ရှိုးပွဲတွေနဲ့ နည်းပညာထုတ်ကုန်တွေကို တစ်စုတဝေးတည်း ပြသနိုင်မယ့် အကြီးကျယ်ဆုံးနေရာတစ်ခု ဖြစ်လာဖို့ အားလုံးကြိုးစားသွားဖို့ လိုအပ်ကြောင်း နဲ့ ရင်းနှီးမြုပ်နှံအများအပြား လည်း လိုအပ်တယ် လို့ အာရှအခြေစိုက် ကုမ္ပဏီတွေကို ဖိတ်ခေါ်စည်းရုံးလျက်ရှိတယ် လို့ သိရပါတယ်။

Ref : straitstimes

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category