0 Shares 57 Views

နှစ်သစ်ကြိုဆိုပွဲ AVA Yangon NYE 2017 ကို Ooredoo မှ ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ပံ့ပိုးကူညီ

Dec 26, 2016
0 57

မြန်မာနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာဖြင့် ကျင်းပမည့် “AVA Yangon NYE 2017” နှစ်သစ်ကြိုဆိုပွဲအတွက် အူရီဒူးမြန်မာမှ တရားဝင်ဆက်သွယ်ရေး မိတ်ဖက်အဖြစ်ပံ့ပိုးကူညီမည်ဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်အတူ နှစ်သစ်ကို ကြိုဆိုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။

AVA Yangon NYE 2017 နှစ်သစ်ကြိုဆိုပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပသည့် အကြီးမားဆုံး နှစ်သစ်ကြိုဆိုပွဲကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့နံပါတ် (၁) DJ ဖြစ်သော Martin Garrix အပါအ၀င် အခြားသော နာမည်ကြိး DJ များဖြစ်ကြသော YVESV, JAY HARDWAY, RayRay, JUSTIN MYLO, TERROBASS နှင့် Kendrick တို့မှ ဆန်းသစ်မြူးကြွသော DJ တေးသွားများဖြင့် ဖျော်ဖြေမှာဖြစ်ပါသည်။

အဆိုပါ ထူးခြားလှသည့် ၂၀၁၇ခုနှစ် နှစ်သစ်ကြိုဆိုပွဲကြီးကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ The One Entertainment Park တွင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး နှစ်သစ်ကိုကြိုဆိုရင်း မြူးကြွသော တေးသွားများကို ပျော်ရွှင်စွာ ခံစားနိုင်ရန်အတွက်  လာရောက်ကြည့်ရှုလိုပါက လက်မှတ်များကို http://www.mmeventtickets.com/ တွင်ကြိုတင် ၀ယ်ယူနိုင်ပါသည်။ အထူးတန်း (အကြို) နှင့် ပုံမှန် (အကြို)ဆိုပြီး လက်မှတ်အမျိုးအစား ၂မျိုး သတ်မှတ်ထားပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Saffordမှ “ ကျွန်မတို့အနေနဲ့ မြန်မာလူငယ်တွေဟာ တက်ကြွပြီး အသစ်အဆန်းတွေကို အမြဲခံစားလိုကြတယ်ဆိုတာကို သိရှိနားလည်ထားပါတယ်။ ဒါကြောင့် အူရီဒူးမြန်မာအနေနဲ့ သူတို့တွေအတွက် ထူးခြားဆန်းသစ်တာကို ဘယ်လိုပြုလုပ်ပေးနိုင်မလဲဆိုတာကို အမြဲစဉ်းစားပေးနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နှစ်သစ်ကြိုဆိုပွဲဖြစ်တဲ့ AVA Yangon NYE 2017 အတွက် တရားဝင် ဆက်သွယ်ရေး မိတ်ဖက်အဖြစ် ပံ့ပိုးကူညီပေးခြင်းဖြစ်ပါတယ်။ အားလုံးဟာ စိတ်လှုပ်ရှား ပျော်ရွှင်စွာနဲပ ၂၀၁၇ခုနှစ် နှစ်သစ်ကို ကြိုဆိုနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

AVA Yangon NYE 2017 နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖေ့ဘုတ်စာမျက်နှာ https://www.facebook.com/avamusicfestival/ တွင်ဖတ်ရှူ၍လည်းကောင်း ၊ ၀၉ ၉၇၆၀၅၆၆၆၀ သို့ ဖုန်းခေါ်၍ လည်းကောင်း မေးမြန်းနိုင်ကြောင်း သိရသည်။

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category