0 Shares 541 Views

ဒေါ်လာ တစ်သိန်းခွဲတန် Trump မျက်နှာနဲ့ ရွှေသား iPhone 7

Dec 26, 2016
0 541

လက်ရှိ အမေရိကန်နိုင်ငံရဲ့ ပူပူနွေးနွေးသမ္မတ Donald Trump ရဲ့ မျက်နှာနဲ့ ရွှေသားစစ်စစ် iPhone Case ကို ဝယ်ယူဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ အဲ့ဒီဆန္ဒကို UAE က စတိုးဆိုင်တစ်ခုက ဖြည့်ဆည်းပေးလိုက်ပါပြီ။

စိန်တွေနဲ့ ကွပ်ထားတဲ့ ဒီရွှေသား Case ကိုတပ်ဆင်ထားတဲ့ iPhone 7 ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၅၁,၀၀၀) ဖြစ်ပြီး ဝယ်သူတွေရဲ့ စိတ်တိုင်းကျ ရွှေထည်ပစ္စည်းတွေကို ဒီဇိုင်းထွင်ဖန်တီးရောင်းချတဲ့ UAE က Goldgenie အမည်ရတဲ့ ဆိုင်က ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခုလို ရွှေသား iPhone ကို ဖုန်းကို ထုတ်လုပ်ဖြစ်တဲ့ အကြောင်းနဲ့ပတ်သတ်ပြီး “ တစ်နေ့က တရုတ်အမျိုးသမီးတစ်ယောက်ဟာ ကျွန်တော်တို့ ဆိုင်ထဲဝင်လာပြီး လက်ရှိသမ္မတမျက်နှာပုံနဲ့ ပစ္စည်းတစ်ခုခု ရှိလား လို့မေးပါတယ်။ တစ်ဆက်တည်းမှာပဲ Trump ရဲ့ ကျမ်းသစ္စာကျိမ်ဆိုခြင်းအခမ်းအနားအပြီးမှာ သူမ အနေနဲ့ ဒီရွှေသား iPhone ကို Trump ကိုပေးဖို့ မျှော်လင့်ထားတာဖြစ်တယ်လို့ ပြောပါတယ်” ဆိုပြီး Goldgenie စတိုးဆိုင်ရဲ့ မန်နေဂျင်းဒါရိုက်တာက CNN Money ကို ပြောကြားခဲ့ပါတယ်။

ပထမဦးဆုံး ရွှေသား Trump iPhone ကို ရောင်းချပြီးပြီးချင်းမှာပဲ Goldgenie ဆိုင်ဟာ အော်ဒါ (၉) ခုကို ထပ်မံ လက်ခံရရှိခဲ့ပါတယ်။ (၁၉၈၉) ခုနှစ်ကတည်းက လန်ဒန်မြို့မှာ အစပြုခဲ့တဲ့ ဒီလုပ်ငန်းဟာ ဈေးနှုန်းမြင့် ရွှေသားပစ္စည်းတွေကို အမြောက်အများ ထုတ်လုပ်ရောင်းချခဲ့ပြီး ဈေးနှုန်းအမြင့်ဆုံးနဲ့ ရောင်းချခဲ့ဖူးတဲ့ ပစ္စည်းကတော့ ရွှေသားနဲ့ပြုလုပ်ထားတဲ့ ဒေါ်လာ (၃)သိန်းခွဲတန် racing bike ဖြစ်တယ်လို့ သိရပါတယ်။

Image result for gold-plated racing bike goldgenie

Ref: FortuneTech

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category