ခွေးဟောင်သံကို ဘာသာပြန်ပေးနိုင်မယ့် အဆင့်မြင့်နည်းပညာသုံးခွေးလည်ပတ်

ကိုယ့်ခွေးလေးက ကိုယ့်ကို ဘာစကားတွေများပြောချင်နေလဲဆိုတာ သိချင်ကြတဲ့ ခွေးပိုင်ရှင်တွေအတွက် ခွေးရဲ့အပြုအမူ၊ဟောင်သံတွေကို အဓိပ္ပါယ်ဖော်၊ဘာသာပြန်ပေးနိုင်မယ့် စမတ်ခွေးလည်ပတ်ဒီဇိုင်း ထွက်ရှိလာပါပြီ။

စမတ်လည်ပတ်မှာပါရှိတဲ့ အာရုံခံကိရိယာတွေဟာ ခွေးရဲ့အပြုအမူ၊ အသံနဲ့ လှုပ်ရှားမှုတွေကို ဆန်းစစ်ခွဲခြားကာ သင့်စမတ်ဖုန်းထဲက WhatsYapp ဆိုတဲ့ app ထဲကို ဒေတာအချက်အလက်တွေအဖြစ် ကြိုးမဲ့နည်းနဲ့ ပြန်ပို့ပေးမှာဖြစ်ပါတယ်။

ထို့နောက်မှာတော့ WhatsYapp အက်ပလီကေးရှင်းဟာ ဒီဒေတာအချက်အလက်တွေကို ပြန်လည်အဓိပ္ပါယ်ဖော်ပေးပြီး ခွေးစိတ်ထဲမှာရှိနေတဲ့အရာတွေ၊ ဥပမာ – “လမ်းလျှောက်ထွက်ရအောင်” “အိမ်တံခါးဝမှာ လူတစ်ယောက်ရောက်နေတယ်” စတဲ့ မိမိခွေးလေးပြောချင်တဲ့စကားတွေကို စာသားအဖြစ် ဖုန်းမှာဖော်ပြပေးမှာပါ။

ဒီစမတ်လည်ပတ်ဒီဇိုင်းကို အွန်လိုင်းအိမ်မွေးတိရစ္ဆာန်စတိုးဖြစ်တဲ့ Fetch.co.uk က တီထွင်ထုတ်လုပ်မှာ ဖြစ်ပြီး၊ Fetch ကုမ္ပဏီဟာ ဗြိတိန်ရဲ့ ပထမဆုံး အိမ်မွေးတိရစ္ဆာန်နည်းပညာစင်တာကို ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဟတ်ဖို့ဒ်ရှိုင်းယားကောင်တီ၊ ဟတ်ဖီးမြို့အခြေစိုက်ကုမ္ပဏီဟာ ‘CatQuest’ ဆိုတဲ့ မိမိ ကြောင်နဲ့ ကစားနိုင်မယ့် စမတ်မီးဆိုင်းတစ်ခုဒီဇိုင်းကိုလညိး မိတ်ဆက်ပြသခဲ့ပါတယ်။

ထိုစမတ်မီးဆိုင်းဟာ လေဆာပရောဂျက်တာနဲ့ ကြမ်းပြင်ကို ရုပ်လုံးကြွပုံရိပ်တွေ ထိုးပေးပြီး မိမိကြောင်က လိုက်ဖမ်းကစားတဲ့အခါ၊ စမတ်ဖုန်းကနေတဆင့် ပုံရိပ်တွေကိုထိန်းချုပ်နိုင်မယ့်စနစ်တစ်ခုဖြစ်ပါတယ်။

ထိုစမတ်ပစ္စည်းနှစ်ခုထဲက ပရိတ်သတ်ရွေးပေးတဲ့တစ်ခုကို လက်တွေ့ထုတ်လုပ်သွားကာ၊ ကုမ္ပဏီကနေ ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

3099E1BD00000578-3417878-image-a-10_1453890960623

Ref: DailyMail

 

 

%d bloggers like this: