0 Shares 35 Views

Microsoft ရဲ့ Lumia ဖုန်းတွေ ရောင်းအား ထက်ဝက်ခန့် ကျဆင်း

Jan 31, 2016
0 35

Microsoft ကုမ္မဏီ ဟာ နည်းပညာလောကထဲမှာ ၀င်ငွေကောင်းနေသေးတာ မှန်ပေမယ့် အဲဒီဝင်ငွေတွေဟာ Surface ၊ Windows 10 နဲ့ သူ့ရဲ့ Cloud Platform တွေကြောင့်ပဲဖြစ်ပါတယ်။ Windows ဖုန်းတွေကြောင့် မဟုတ်တာ လုံးဝသေချာပါတယ်။

အချက်အလက်အရ ပြောရမယ်ဆိုရင် Lumia ဖုန်းတွေရဲ့ ရောင်းအားဟာ လွန်ခဲ့တဲ့ တစ်နှစ်ကအခြေအနေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ခန့် ကျဆင်း သွားခဲ့ တယ်လို့ Redmond ကုမ္မဏီရဲ့ ဘဏ္ဍာရေးတွက်ချက်မှုအရ သိရပါတယ်။ Lumia ဖုန်းတွေရဲ့  ဘဏ္ဍာငွေဟာ ဒေါ်လာ ၂၀.၄ ဘီလီယံ ရှိခဲ့ပြီး အမြတ်ငွေကတော့ ဒေါ်လာ ၆.၃ ဘီလီယံ သာရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အစပိုင်းတွကချက်မှုတွေအရ Microsoft ဟာ Windows ဖုန်း ၄.၅ သန်း ရောင်းချခဲ့ရပြီး လွန်ခဲ့တဲ့တစ်နှစ်တုန်းကတော့ ၁၀.၅ သန်း အရေအတွက် အထိရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရောင်းအားကျနေချိန်မှာ Apple ကတော့ iPhones ရောင်းအား ၇၄.၈ သန်း အရေအတွက် နဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒီအချက်အလက်တွေမေ့ထားလိုက်မယ်ဆိုရင်တောင် Microsoft ဟာ Windows 10 စနစ်သုံးဖုန်းတွေဖြစ်တဲ့ Lumia 950 နဲ့ Lumia 950 XL တို့ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ထားပါသေးတယ်။

Microsoft ရဲ့  Surface အမျိုးအစား တတ်ဘလတ် တွေရဲ့ ရောင်းအားကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။Office 365 ကို လစဉ်ကြေးပေးသုံးစွဲသူအရေအတွက်ဟာလည်း ၂၀.၆ သန်းထိ မြင့်တက်လာခဲ့ပြီး Windows 10 ကို တပ်ဆင်ထားတဲ့ ကိရိယာအရေအတွက်ဟာလည်း သန်း ၂၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေအပေါ်မူတည်ပြီး ကောလာဟလ ထွက်ပေါ်နေတာက Microsoft ဟာ Lumia အမှတ်တံဆိပ်ကို ရပ်နားပြီး Surface အမှတ်တံဆိပ် ဖုန်းတွေကို ထုတ်လုပ်လာဖွယ်ရှိတယ်ဆိုတာပါပဲ။

Ref : Tech Radar

You may be interested

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
60 shares8 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
333 shares50 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro
Huawei, NEWS
645 shares117 views

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro

Nwe Oo - Nov 24, 2017

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mate စီးရီးက Samsung Galaxy Note 8 နဲ့…

Most from this category