င်္Facebook ရဲ့ Like နေရာမှာ Reaction emoji တွေကို ရက်အနည်းငယ်အတွင်း ရွေးချယ် အသုံးပြုနိုင်တော့မည်

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက် ဖြစ်တဲ့ Facebook ရဲ့ ၃လတစ်ကြိမ် အစည်းအဝေးပွဲမှာ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က Reaction လုပ်ဆောင်ချက်တွေဟာ စတင်စမ်းသပ်စဉ်ကတည်းက ကောင်းမွန်ခဲ့ကြောင်းနဲ့ မကြာခင်မှာ မည်သည့်စနစ်မှာ မဆို အသုံးပြုနိုင်တော့မယ်ဆိုတာကို ထပ်တလဲလဲ ပြောခဲ့ပါတယ်။

Facebook ကုမ္မဏီရဲ့  ထုတ်ကုန်ဆိုင်ရာ အရာရှိချုပ် ဖြစ်တဲ့ Chris Cox ကလည်း Reaction လုပ်ဆောင်ချက်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝှမ်းကို ထွက်ပေါ်လာတော့မယ်လို့ Bloomberg Businessweek သတင်းဌာနကို ဆိုခဲ့ပါတယ်။ Reaction လုပ်ဆောင်ချက်အကြောင်း ပြန်ပြောရမယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ဟာ Facebook ရဲ့ စံ တစ်ခုဖြစ်တဲ့ Like ခလုတ်နေရာမှာ အခြားတုံ့ပြန်နိုင်တဲ့ ရွေးချယ်ခွင့်တွေပေးထား ခြင်းပဲ ဖြစ်ပါတယ်။

အကယ်၍ သင့် သူငယ်ချင်းတစ်ယောက်က အိမ်ထောင်ရေးကွာရှင်းတဲ့အကြောင်း ၊ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ နာရေးသတင်းတွေအကြောင်းရေးသားထားရင်သင့်အနေနဲ့ Like လုပ်ဖို့ အဆင်မပြေပါဘူး။ သင်ဒေါသထွက်စရာ အကြောင်းအရာတွေကို ရေးထာတဲ့ Post တွေမှာလည်းသင့်အနေနဲ့ Like လုပ်ချင်မှာ မဟုတ်ပါဘူး။

အဲဒီအတွက် Reaction မှာ ဒေါသထွက်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အံ့အားသင့်ခြင်း ၊ ဟက်ဟက်ပက်ပက်ရယ်မောခြင်း ၊ ကျေနပ်ခြင်း နဲ့ အချစ်တို့ကို ကိုယ်စားပြုတဲ့ emoji လေးတွေကို ရွေးချယ်ခွင့်ရမှာ ဖြစ်ပါတယ်။ Reaction လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက်တော့ Like ခလုတ်ကို အောက်ဆွဲချလိုက်တာနဲ့ Reaction emoji လေးတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ထွက်ပေါ်လာမယ်အတိအကျမပြောသေးပေမယ့် Chris Cox ကတော့ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း စတင် အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထားပြန်ပါတယ်။

ဒီ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး Facebook တည်ထောင်သူ Mark Zuckerberg က အခုလိုလည်း ပြောပြခဲ့ဖူးပါတယ်။

“ဒါရဲ့ နောက်ကွယ်က အတွေးအခေါ်ကတော့ Like ခလုတ်တစ်ခုပဲ ရှိတဲ့အခါမှာ ၀မ်းနည်းစရာအကြောင်းအရာတွေ ၊ ဒေါသဖြစ်စေမယ့် အကြောင်းအရာတွေကို ဝေမျှတဲ့အခါမှာ လူတွေဟာ အဲဒီအပေါ် တုံ့ပြန်နိုင်မယ့် ရွေးချယ်ခွင့်တွေမရှိကြပါဘူး။ဒါကြောင့် အဲဒီလို အကြောင်းအရာတွေ Facebook မှာ ဝေမျှလာတဲ့အခါမှာ လူ့အဖွဲ့အစည်းဟာ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ငါတို့ဟာ လူတွေအားလုံးကို ပျော်ဖို့ကောင်းပြီး Like လုပ်ချင်စရာကောင်းမယ့် အကြောင်းအရာတွေတင်မဟုတ်ပဲ သူတို့အတွက် အဓိပ္ပာယ်ရှိတဲ့ အရာတွေအားလုံးကို ဝေမျှ နိုင်အောင် လုပ်ပေးချင်ပါတယ်။”

Ref : Tech Radar

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
617 shares189 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
124 shares41 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category