0 Shares 792 Views

စမတ်ဖုန်း ဓာတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်လာစေမယ့် Accessories များ

Dec 22, 2016
0 792

ဒီနေ့ခေတ်ကြီးထဲမှာ Professional ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့အတွက် DSLR ကင်မရာ ပိုင်ဆိုင်ဖို့ မလိုအပ်တော့ပါဘူး။ နည်းပညာဈေးကွက်ထဲမှာ ကင်မရာအရည်အသွေး၊ ရုပ်ထွက် ကောင်းမွန်တဲ့ စမတ်ဖုန်းတွေအပြင် Dual Camera ပါဝင်တဲ့ ကင်မရာအသားပေးစမတ်ဖုန်းတွေပါ ထွက်ရှိထားတဲ့အတွက် စမတ်ဖုန်းနဲ့တင် အရည်အသွေးမြင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ ခေတ်ကို ရောက်ရှိနေပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် ကင်မရာကောင်းတဲ့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့လည်း Professional စမတ်ဖုန်း ဓာတ်ပုံဆရာတစ်ယောက် ဖြစ်မလာနိုင်သေးပါဘူး။ ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ ထောက်ပံ့ပေးမယ့် အထောက်အကူပစ္စည်းကိရိယာတွေ လိုအပ်ပါသေးတယ်။

အခုဖော်ပြပေးမယ့် accessories တွေကတော့ သင့်စမတ်ဖုန်းရဲ့ ကင်မရာကို ရုပ်ထွက်ကောင်းမွန်စေဖို့နဲ့ သင့်ကို professional စမတ်ဖုန်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာစေဖို့ အပြည့်အဝကူညီပေးပါလိမ့်မယ်။

Acesori Smatphone Camera LensKit

117b64aaf267d348d05df4b3093cd42d5062f81c main hero imageE7e73231003cb7ce9c34ed83e77b7fd969f9b803 main hero image

 

သင့်ရဲ့ စမတ်ဖုန်းကင်မရာ မှာ Lens ပါဝင်ပြီးသားဖြစ်ပေမယ့် Acesori Lens Kit မှာပါဝင်တဲ့ အရည်အသွေးမြင့် Lens (၃) လုံးကို လိုအပ်ပါတယ်။ Fisheye, wide-angle နဲ့ micro lens တို့ဖြစ်ပြီး Effect သုံးတာထက် ပိုမိုသဘာဝကျစွာ ရိုက်ယူနိုင်မှာဖြစ်ပါတယ်။

Smartphone Telephoto PRO Camera Lens

E41f123e8d40cf8fb803cb9d33189230780e5eca main hero image

B1d82f209e93ff478a5e87971f1eb77c0e8388f1 main hero image

သင့်စမတ်ဖုန်းရဲ့ ကင်မရာ ကောင်းတယ်ဆိုပေမယ့် အဝေးက အရာတွေကို Zoom ဆွဲဖို့အတွက်တော့ ဒီ မှန်ဘီလူးကိုလိုအပ်ပါလိမ့်မယ်။ ဒီ Telephoto camera lens က Zoom ကို (၈)ဆ ပိုမို ဆွဲယူနိုင်တဲ့အတွက် အဝေးက ရှုခင်းတွေကို အကောင်းဆုံး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ARMOR-X Mini Flexible Phone Tripod

2480e59fa95aaf312963227302ff2e9dee5c51c2 main hero image

1a3148ce0211d66b79fa53a74309cd13ab6e66e3 main hero image

ဒီပစ္စည်းလေးကတော့ နည်းနည်းဆန်းပါတယ်။ ကိုယ့်ကိုယ်ကို Selfie ပြန်ရိုက်ဖို့အတွက် အကောင်းဆုံးအသုံးပြုနိုင်မှာဖြစ်ပြီး ကွေးနိုင်ဆန့်နိုင် ချိတ်နိုင်တဲ့ ဒေါက်တွေပါဝင်တာက ထူးခြားချက်ဖြစ်ပါတယ်။ Bluetooth remote ခလုတ်နှိပ်ကာ အဝေးကလှမ်းရိုက်နိုင်ပါတယ်။

Zoomable 60X Monocular with Smart Phone Attachment

2b69f8d23d3cbab7a8cdf28091e56db1143ccd5c main hero image

9816c484fd42a9a1b3ce8edffba87fd0b9316c24 main hero image

ဒါကတော့ Tripod အဖြစ်ရော Zoom မှန်ဘီလူးအဖြစ်ပါ အသုံးပြုနိုင်မယ့် ကိရိယာဖြစ်ပါတယ်။ (၂)ဖာလုံ (မီတာ ၄၀၀) လောက်ထိ Zoom ဆွဲနိုင်တဲ့အတွက် အဝေးက တောင်တန်းတွေနဲ့ ရှုခင်းတွေကို ရိုက်ကူးဖို့အတွက် အထူးသင့်တော်မှာဖြစ်ပါတယ်။

Ref: PM

 

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category