0 Shares 43 Views

iPhone၊ Macbook တစ်ချို့က ဓာတ်လိုက်နိုင်ခြေအန္တရာယ် ရှိတဲ့ နှစ်ချောင်းထိုးပလပ်ခေါင်းတွေကို Apple ပြန်လည်သိမ်းယူ

Jan 30, 2016
0 43

တကယ်လို့ သင့် Apple ဖုန်း၊ ကွန်ပြူတာက ပလပ်ခေါင်းဟာ ပုံပါပလပ်ခေါင်းတစ်ခုခုနဲ့တူညီနေရင်၊ နီးစပ်ရာ Apple အသိအမှတ်ပြုစတိုးနဲ့၊ ဆားဗစ်စင်တာတို့မှာ သွားရောက်လဲလှယ်ပေးပါ။

၂၀၀၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစိအတွင်း၊ ကမ္ဘာ့ဒေသအချို့မှာရောင်းချခဲ့တဲ့ Apple ထုတ်ပစ္စည်းတွေရဲ့ ပလပ်ခေါင်းတစ်ချို့ဟာ အသုံးပြုသူတွေကို ဓာတ်လိုက်စေခဲ့မှုတွေရှိကြောင်း Apple က ၀န်ခံပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဓာတ်လိုက်နိုင်ခြေကတော့ အလွန်နည်းပါးပါတယ်တဲ့။

iPhone နဲ့ Macbook တွေ ၀ယ်ယူတဲ့အခါ ပါရှိလာတဲ့ နှစ်ချောင်းထိုးပလပ်ခေါင်းအချို့ဟာ ကျိုးပဲ့နိုင်ပြီး၊ အသုံးပြုသူကိုဓာတ်လိုက်နိုင်ခြေရှိတာကြောင့် ပြန်လည်သိမ်းယူဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ Apple က ကြေငြာခဲ့ပါတယ်။

အခုလိုပြဿနာရှိတဲ့ပလပ်ခေါင်းတွေဟာ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဥရောပတိုက်ကုန်းတွင်းပိုင်း နိုင်ငံအချို့၊ ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ပလပ်ခေါင်းတွေဖြစ်တယ်လို့ဆိုပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း တစ်ချို့ iOS စက်တွေနဲ့ Mac ကွန်ပြူတာတွေနဲ့အတူ ဒီပလပ်ခေါင်းတွေကို ထည့်သွင်းရောင်းချခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ ဒီပလပ်ခေါင်းပိုင်ရှင်တွေအနေနဲ့ နီးစပ်ရာ Apple စတိုးမှာ ပလပ်ခေါင်းအသစ်နဲ့ သွားရောက်လဲလှယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဓာတ်လိုက်နိုင်ခြေရှိတယ်ဆိုပေမယ့်လည်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့၊ ဆိုးဆိုးရွားရွားဓာတ်လိုက်မှု ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ပေါင်း ၁၂ ခုသာရှိခဲ့ပြီး၊ မတော်တဆဓာတ်လိုက်နိုင်ခြေ အလွန်တရာနည်းပါး ပါတယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။

“ သုံးစွဲသူတွေဘေးအန္တရာယ်ကင်းဖို့ဟာ ကုမ္ပဏီရဲ့ဦးစားပေးအချက်ဖြစ်တာကြောင့်၊ Apple အနေနဲ့ ဒီ ချို့ယွင်းချက်ရှိပလပ်ခေါင်းတွေကို မသုံးစွဲဖို့မေတ္တာရပ်ခံအပ်ပါတယ်” လို့ ကုမ္ပဏီက ကြေငြာချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဓာတ်လိုက်နိုင်ခြေရှိတဲ့ နှစ်ချောင်းထိုးပလပ်တွေဟာ ပလပ်ခေါင်းအတွင်းပိုင်းမှာ သင်္ကေတစာလုံး လေးငါးလုံး ပါရှိတဲ့ပလပ်ပေါက်တွေနဲ့ သင်္ကေတစာလုံးလုံးဝမပါတဲ့ပလပ်ပေါင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်အပ်နှံမယ့်သုံးစွဲသူတွေအနေနဲ့၊ သူတို့ရဲ့ Mac ၊ iPad ၊ iPhone ၊ iPod ပစ္စည်းတွေရဲ့ ကုန်ပစ္စည်းအမှတ်စဉ်နံပါတ် (serial number) ကို ဖော်ပြပေးဖို့လိုအပ်ပါတယ်။

အခုလိုပလပ်ခေါင်းပြန်အပ်နှံခိုင်းမှုဟာ တရုတ်၊ကနေဒါ၊ဟောင်ကောင်၊ဂျပန်၊ယူကေ၊ယူအက်စ်တို့မှာ ထုတ်ထားတဲ့ Apple ပစ္စည်းတွေအတွက် မပါပါဘူးလို့ Apple က ကြေငြာထားပါတယ်။

Ref: Mirror

 

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Most from this category